NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။" ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။ ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
RFA NEWS






Kuala Lumpur Time
0 comments:
Post a Comment