၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။
RFA NEWS.COM
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။ မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။
RFA NEWS.COM
0 comments:
Post a Comment