http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်သွားသော အခါ


လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည်  ရောက်သွားသော အခါဒီမိုကရေစီ အရေးအတွက် နှစ်ပေါင်း၂၀ ကျော် အခက်အခဲပေါင်း စုံကို ရင် ဆိုင်ကျော် လွှားခဲ့ ပြီးနောက်တွင် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် ယခု အခါ လွှတ်တော်သို့ ရောက်ရှိ သွားပြီဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဒီမိုကရေစီအရေးတွက် ကြိုးပမ်း ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၄၀ ကျော်မှာလည်း လွှတ်တော်အသီးသီးသို့ ရောက်ရှိသွားပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ် တော်အတွင်းသို့ရောက်ရှိလာခြင်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် မည်ကဲ့သို့သော အဓိပ္ပာယ်ဆောင်ပြီး နိုင်ငံအနာဂတ်အတွက် မည်သို့ဖြစ်လာနိုင်သည်ဆိုသည်မှာ အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။ ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒီချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်၌ ဒီချုပ်က ပြည်ခိုင်းဖြိုးပါတီပြီးလျှင် ဒုတိယအင်အား အကြီးဆုံးပါတီ ဖြစ်လာသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်နှစ်ဦးအပါ အ၀င် လွှတ်တော်ကိုယ်စားလှယ် ၄၃ နေရာရရှိခဲ့၍ ယခင်ရှိပြီး ဒီချုပ်ကိုယ်စားလှယ်ဦးမြတ်ဉာဏစိုးပါ ပေါင်းလျှင် ၄၄ ဦးရှိသည်။ ယခင် ကိုယ်စားလှယ် ၂၂ ဦးရှိကာ လွှတ်တော်အတွင်း ဒုတိယကိုယ်စားလှယ်အများဆုံးဖြစ်သော ကျားဖြူပါတီက တတိယအင်အားအကြီးဆုံးပါတီ ဖြစ်သွား သည်။ လွှတ်တော်အစည်းအဝေးများ တစ်ကြိမ်ထက်တစ်ကြိမ်ပို၍ဥပဒေပြုအာဏာကို ထိရောက်စွာအသုံးချပြီး အစိုးရနှင့်အပြန်အလှန်ထိန်းကျောင်းမှုကို စတင်အ သက်သွင်းနိုင်သော လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီးနောက် ပို၍မြိုင်ဆိုင်၊ ထိရောက်လာမည်ဟု နိုင်ငံရေးလေ့လာသူအားလုံးက ခန့်မှန်းနေကြသည်။
“နှစ်ပေါင်း ၂၀ လောက်နီး ပါး ဒီမိုကရေစီအတွက်ရပ်တည် လာ ခဲ့တဲ့အဖွဲ့မပါတဲ့အတွက် မပြည့်စုံဘူးပေါ့။ ဒါကြောင့် အဲဒီအဖွဲ့တွေဝင်လာ တဲ့အချိန်မှာ ပြည့်စုံသွားပြီ။ အင်္ဂါစုံသွားပြီပေါ့။တစ်ခြမ်းပဲ့ပဲပေါ့။ လွှတ်တော်ကလုပ်နေတယ်ဆိုပေမယ့် မယုံ ကြည်နိုင်ကြဘူး။ နိုင်ငံတကာ ကလည်းမယုံကြည်ဘူး။ ပြည်တွင်း ကလည်း မယုံကြည်ဘူး။ ဒါတောင် မှ ၈၈ မျိုးဆက်အဖွဲ့ ကျန်သေးတယ်။ ၂၀၁၅ ကျရင်တော့ ပိုပြီး ပြည့်စုံလာမှာပေါ့၊ အားလုံးပါဝင်လာမှာပေါ့” ဟု နိုင်ငံရေး ဆောင်းပါးရှင်ထက်ခိုင်က လွှတ် တော်အတွင်းသို့ ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဒီချုပ် ကိုယ်စား လှယ်များရောက်လာ ခြင်းနှင့်ပတ်သက်၍ မှတ်ချက်ပြုသည်။ နိုင်ငံရေးဆောင်းပါးရှင် တစ် ဦးဖြစ်သော ဆရာကျော်ဝင်းက လည်း အောက်ပါအတိုင်း မှတ်ချက်ပေး သည်။ “အင်န်အယ်လ်ဒီ လည်း တော်တော်များများလောက် နိုင်တယ်ဆိုတော့ လာမယ့်လွှတ်တော်က ပိုမြိုင်လာမယ့် သဘောရှိတယ်။ ပိုပြီးတော့ ဒီမိုကရက်တစ်ဆန်လာတာပေါ့။ အားတက်စရာအချက်ပေါ့၊ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ရောက်သွားတော့ ဒီမိုကရေစီရေးက ပိုပြီးမြိုင်လာ တယ်။ သူ့အပေါ်မှာ တော်တော်လေးမူတည်တယ်။ အားလုံးလိုက်ပါနိုင်တဲ့ ပေါ်လစီနဲ့ ဆို ၂၀၁၅ အခြေအနေက ပိုကောင်းတယ်။ အဲဒီလိုမဟုတ်ဘဲ နည်းနည်းလေး ဆန္ဒတွေ ရှေ့ရောက်သွား မယ်ဆိုရင် တစ်ဖက်က သံသယတွေများလာရင် အပြောင်းအလဲမှာ အခုအခံဖြစ်သွားနိုင်တယ်”။
သို့သော် နိုင်ငံရေးလေ့လာ သူအများစုက လက်ရှိအခြေအနေတွင် အပျော်မလွန်ရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် နောက်ကြောင်းပြန်မလှည့်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အပါအ၀င် သက်ဆိုင်သူ အားလုံးက ရင့်ကျက်ပြည့်ဝစွာ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်းသတိပေးပြောကြားသည်။ “ဒါပေမဲ့ သိပ်အားတက်မလွန်ဖို့လိုမယ် ထင်တယ်။ အပျော်မလွန်ဖို့ ဘာ ကြောင့်လဲဆိုတော့ နေရာ ၄၀ ကျော်လောက်ပဲဆိုတော့ တစ်ခု လုံးအဖြူအမည်းပြောင်းနိုင်ဖို့မရှိဘူး။ အစိုးရဖွဲ့နိုင်လာအောင် အပြောင်းအလဲမဖြစ်နိုင်တော့ကြီး ကြီးမားမား အပြောင်းအလဲမဖြစ် ဘူးထင်တယ်။ ပိုအရေးကြီးတာ က ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ် ဟာ အခုလိုပဲ ရလာဒ်ဖြစ်သွားရင်တော့ မြန်မာပြည်အနာဂတ်က အတော်လေးကို စိတ်ချရနိုင်မယ် လို့ထင်တယ်။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုဖြစ်ဖို့ကသိပ်အရေးကြီးတယ်။ ဒါကြောင့် လွှတ်တော် ထဲရောက်သွားမယ့် အင်န်အယ်လ် ဒီအနေနဲ့ အဲဒါကို ပိုပြီးအလေး ထားစဉ်းစားစေချင်တယ်”ဟု ဆရာကျော်ဝင်းက ပြောသည်။
အာဏာရှင်အစိုးရမှ ဒီမိုက ရေစီနိုင်ငံသို့ ကူးပြောင်းသော နိုင်ငံများတွင် Back Wave နောက်ပြန်လှိုင်းမိကာ တပ်မတော် မှ အာဏာသိမ်းသွားသည့်နိုင်ငံ ကများသည်။ တပ်မတော်ကအာဏာပြန်မသိမ်းသော်လည်း အာဏာရှင်အစိုးရမဟုတ်၊ ဒီမိုကရေစီမကျ၊ ဟိုမရောက် ဒီမရောက်နိုင်ငံများလည်းရှိသည်။ ၂၀ ရာခိုင်နှုန်းသာ အာဏာရှင်မှ ဒီမိုကရေစီ နိုင်ငံသို့ အောင်မြင်စွာကူးပြောင်း နိုင်သည်။ ထို့ကြောင့် လတ်တလောတွင်မှ အာဏာသိမ်းမှုပြန်ဖြစ်သွားသော မာလီနှင့် အခြားနိုင်ငံများကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအ သွင်ကူးပြောင်းမှုနောက်ကြောင်းပြန်မလှည့်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန်လိုသည်။ “ All Inclusive (အားလုံးပါဝင်ရန်နီးပါး ဖြစ်သွားတဲ့အခါမှာ အကုန်လုံးက ရင့်ကျက်ဖို့လို တယ်။ လိမ္မာပါးနပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီမှာ Dificit ရှိတယ်။ ဒါကို နားလည်လက်ခံဖို့လိုတယ်။ ဒီပုံစံအတိုင်းဆို ကျွန်တော်တို့က ၂၀၁၅လည်းအိုကေပဲ။ ဒီအတိုင်းပဲသွားမှာပဲ။ အစိုးရကလည်း အင်န်အယ်လ်ဒီ ၀င်လာတာကို လမ်းကြောင်း အကုန်လုံးဖွင့်ပေးတယ်။ ဥပဒေတွေ ပြင်ပေးတယ်။ Free & Fairဖြစ်အောင်လုပ်ပေးတယ်။ ဒါကြောင့် အဲဒီဟာလေးတစ်ခုသတိပြုကြဖို့လိုတယ်။
လွှတ်တော်ထဲသွားမယ့်လူတွေကော လက်ရှိစတိတ်ဟိုးဒါးတွေကောပေါ့။ ဘက်ခ်ဝှေ့မ၀င်အောင် အကုန်လုံးက ကြားထဲမှာ နားလည်မှုရှိရှိ လုပ်သွားဖို့လိုတယ်။ ကျွန်တော်တို့ အားလုံးကတော့ နောက်ပြန်မလှည့်အောင်သွား နေကြတာပဲ။ဒါ့ကြောင့် ပိုပြီး ရင့်ကျက်ဖို့လိုတယ်”ဟု ထက်ခိုင်ကပြောသည်။ အားလုံးနီးပါး ပါဝင်လာသောလွှတ်တော် ဖြစ်လာသောအခါလွှတ်တော် ကိုယ်စားလှယ်များနှင့်လွှတ်တော်၏ စွမ်းဆောင်မှုက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လွန်စွာ အရေးပါသည်။ “ဘယ်သူနိုင်နိုင် အင်အားစုတွေအားလုံးလိုက်ပါနိုင်တဲ့ ပေါ်လစီဖြစ်စေချင်တယ်။ အဲဒါမှ ရှေ့ဆက်သွားလို့ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ မှာ ပြည်ခိုင်ဖြိုးနိုင်တယ်။ သမ္မတ ဦးသိန်းစိန်ပထမဆုံးမိန့်ခွန်းမှာပဲ တခြားအင်အားစုတွေ လိုက်ပါနိုင်တဲ့ ပေါ်လစီတစ်ခု ခင်းပြလိုက်တယ်။ အကျိုးဆက်ကတော့ အင်န် အယ်လ်ဒီရွေးကောက်ပွဲဝင်ဖြစ်သွားတယ်။ဒါမျိုးဖြစ်စေချင်တယ်” နိုင်ငံရေးလေ့လာသူတစ်ဦးကလည်းပြောသည်။ သို့သော် ငြိမ်းချမ်းရေး နိုဗယ်ဆုအပါအ၀င် ကမ္ဘာ့နိုင်ငံများစွာက ဆုတံဆိပ်ပေါင်း ၁၀၀ ကျော်ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း အခြေအနေကို ကောင်းစွာသိကြောင်းဧပြီ ၈ ရက်တွင် သတင်းထောက်များအားပြောကြားခဲ့သော သူမ၏စကားက သက်သေပြနေသည်။ “အန်တီ့အမြင်မှာတော့ တကယ်ဒီမိုကရေစီ ၁၀၀ ရာခိုင်နှုန်းရတဲ့နိုင်ငံတွေက လွှတ်တော်တွေအတိုင်းတော့ မဟုတ်သေးပေမယ့်လည်း အဲဒီအထဲမှာ ကြိုးစားနေတဲ့ကိုယ်စားလှယ်တွေကိုတွေ့ရလို့ အန်တီတို့ အားတက်မိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က လက်ရှိလွှတ်တော်အခြေအနေနှင့်ပတ်သက်၍ သူမ၏အမြင်ကိုမှတ်ချက်ပေးသွားသည်။
တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်မည်ဟူသော မူသုံးချက်ဖြင့် လွှတ်တော် အတွင်း သို့ ရောက်လာ သော ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီချုပ်ကိုယ်စားလှယ်များမှာ အခြေခံ ဥပဒေပြင်ဆင်ရေးအ တွက် ရှေ့အလောမကြီးဘဲ အခြေအနေ မှန်ကို ပါးနပ်စွာသုံးသပ် ပြီး လုပ်ကိုင်နိုင်ရန်မှာလည်း အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အကြံပြုသည်။ “တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို မလိုတော့ဘူး ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တာက အကောင်းဆုံးပဲ။ ဒါပေမဲ့အချိန်မကျသေးဘဲ အဲဒါကိုပြောမယ်၊ လုပ်မယ်ဆိုလို့ရှိရင် တစ်ဖက်နဲ့ တစ်ဖက် အမြင်လွဲပြီးတော့ အတူကြိုးစားလက်တွဲပြီး လုပ်လို့ရတဲ့ကိစ္စတွေ အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ပထမဆုံးအရေးကြီးတာက အမျိုးသား ရင်ကြားစေ့ရေးပဲ။ လွှတ်တော်ထဲမှာ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေး မြင့်တင်ဖို့၊ကျန်းမာရေးမြင့်တင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအ တွက် ပြည်နယ်တွေကို တန်းတူအခွင့်အရေးပေးဖို့ စတဲ့ဟာတွေပေါ့။ အဲဒါတွေကို လက်တွဲပူးပေါင်းပြီးအမြန်လုပ်စေချင်တယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကလည်း အကြံပြုသည်။
ထို့အပြင်အစိုးရကလည်း လွှတ်တော်နှင့် အပြန်အလှန်လေးစားမှုနှင့်ယုံကြည်မှုတည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်ရေးမှာအရေးကြီးသည်။ အစိုးရသစ်တက်လာပြီး တစ်နှစ်အတွင်း တိုင်းပြည်အတွက်အရေးကြီးသော ဆုံးဖြတ်ချက်များစွာကို မှန်ကန်စွာချမှတ်နိုင်ခဲ့သော နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အခန်းကဏ္ဍမှာလည်း မည်မျှအ ရေးကြီးသည်ကို ထူး၍ပြောစရာလိုမည်မထင်။ မြန်မာနိုင်ငံ၏သမိုင်းဝင်အလှည့်အပြောင်းတွင်သမ္မတမှာအကောင်းဆုံး သမိုင်းမှတ်တမ်းကိုရေးပြရန် အခွင့်အ ရေးအပြည့်ရှိနေသည်။ “နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ဒုတိယမြောက် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာဖို့ အတွက် အခွင့်အရေးရှိတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ပဲ။ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ရဲ့အင်အားတွေကို အကျိုးရှိရှိ ပူးပေါင်းအသုံးချနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အနာဂတ်က ကောင်းသွားပြီ။ ၂၀၁၅မှာ သမ္မတဖြစ်မယ့် ပုဂ္ဂိုလ်အနေနဲ့က ဒီလိုအခွင့်အရေးမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကာလက တိုင်းပြည်အတွက် အလှည့်အပြောင်းကာလမို့လို့ပဲ”ဟု နိုင်ငံရေး လေ့လာသူတစ်ဦးကလည်း သူ၏အမြင်ကိုပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတလွတ်လပ်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် နိုင်ငံရေးလေ့လာသူအားလုံးက ဥရောပ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု များမှာ မကြာခင် ဖြေလျှော့ သွားတော့မည်ဟု ခန့်မှန်းသည်။ ဥရောပနှင့်အတူ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ စသော နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ လုံးဝဖယ်ရှားပြီး၊ မြန်မာ နိုင်ငံကို အကူအညီများ ပိုမိုပေး နိုင်ကြောင်း တညီတညွတ်တည်း ခန့်မှန်းသည်။ သို့သော် အမေရိ ကန်နိုင်ငံ၏ အရေးယူပိတ်ဆို့မှုများမှာ ချက်ချင်းလက်ငင်းဖြေ လျှော့ပေးမည်မဟုတ်ဘဲ တစ်ဆင့် ချင်းပဲ ဖြေလျှော့သွားမည်ဟု ၎င်းင်း တို့ကဆက်လက်ပြောသည်။ “အားလုံးကကောင်းသွားပြီ ဆိုပေမယ့် Check and Balance (အပြန်အလှန် ထိန်းကျောင်းမှု)အကန့်အသတ်ရှိတယ်။ အဲဒီအကန့်အသတ်ကိုနားလည်ဖို့လို တယ်။ အုပ်ချုပ်ရေးပိုင်းက လည်း အလားတူပဲပေါ့။ အပြန်အလှန်နားလည်မှုရှိရှိနဲ့လုပ်သွားဖို့လိုတယ်။ ဘက်ခ်ဝှေ့မ၀င်တော့ဘူးဆိုရင်တော့အားလုံးကောင်းသွားပြီ။ ၂၀၁၅ က Free & Fairတကယ့် စံနမူနာ ဖြစ်သွားမှာ”ဟု နိုင်ငံရေး လေ့လာသူတစ်ဦးကလည်း ပြောသည်။
နေအိမ်အကျယ်ချုပ်ဖြင့် ၁၅နှစ် ၀န်းကျင် နေထိုင်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်သို့ရောက်သွားသောအခါ၊ ကြိုတင်မျှော်လင့် ထားသည့် အတိုင်း ပြုပြင်ပြောင်းလဲ မှုများပြုလုပ်ရန်လွယ်ကူမည်မဟုတ်ဘဲ အချိန်ကုန်နိုင်သည်ဟု ဝေဖန်မှုအချို့လည်း နိုင်ငံတကာ မီဒီယာ အချို့တွင် တွေ့ရ သည်။ ဝေဖန်သူအချို့က ဒေါ် အောင်ဆန်းစုကြည် လွှတ်တော်အကျယ်ချုပ်ကျမည်ဟုဆိုခြင်းနှင့်ပတ်သက်၍ မှတ်ချက် ကိုမေးမြန်းရာ “ဒီလောက်တောင်မှ နေအိမ် အကျယ်ချုပ်နဲ့ နှစ်ပေါင်း များစွာကျခဲ့ပြီးမှ ဘယ်အကျယ်ချုပ်မှ မကြောက်တော့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဧပြီ၈ ရက်တွင် ပြောကြားသည်။ ပြည်သူက တစ်ခဲတစ်နက်ထောက်ခံမှုဖြင့် လွှတ်တော်သို့ရောက်ရှိသွားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များမှာ ဧပြီ ၂၃ရက်တွင် ပြန် လည်ခေါ်မည့် လွှတ်တော်အစည်းအဝေးများသို့တက်ရန် မြန်မာ့နှစ်ကူး သင်္ကြန်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များမှာပင် ပြင်ဆင်နေကြပြီဖြစ်၏။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif