အကယ်၍များ မြန်မာပြည်မှာ အင်တာနက်ရယ်၊ဖေ့စ်ဘွတ်ရယ်သာ ရှိခဲ့ရင် အဲသည်တုန်းက အထင်ကရ၊ အမှတ်တရ ကိစ္စကြီးများကို မျက်မှောက်လက်ရှိကွန်မင့်စာဆိုအကျော်အမော်များက ဘယ်လိုများ လက်စွမ်းပြကြလိမ့်မလဲလို့ တွေးနေမိတယ်။
ယခုလReader Digest ပေါ်က Five Stupid Internet Reactions ဆိုတဲ့ ဆောင်းပါးကို ဖတ်မိရာကတွေးမိတာပါ။ အွန်လိုင်းသတင်းတွေမှာ ကွန်မင့်ပေးခွင့်ပေးထားတော့ နှမ်းဝင်ဖြူးကြသူ ကွန်မင့်အကျော်အမော်တွေရဲ့လက်သံပြောင်မှုတွေကိုသာ လွန်ခဲ့တဲ့ အနှစ် ၁၀၀ နောက်ဆုတ်နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုများကမ္ဘာအထင်ကရအရေးအခင်းတွေကို လက်စွမ်းပြကြမယ် မသိဖူးလို့ စာရေးသူက ပြန်တွေးပြထားတာဖြစ်ပါတယ်။ တလွဲတချော် ကွန်မင့်အမျိုးအစား ၅ ခု ရှိတယ်တဲ့။ အဲသည် ၅ မျိုးကို အထင်ကရသတင်းခေါင်းစဉ်၅ ခုနဲ့ ယှဉ်တွဲပြီး ရှင်းပြထားတယ်။
သတင်းခေါင်းစဉ်- လပေါ် လူရောက်ပြီ
ကွန်မင့်များ - (ဟေးးးးးး အမေရိကန်ကွ - မောင်လူကြီး)
(နာဆာကို ကျေးဇူးတင်ပါတယ်ခင်ဗျား - အမေသား)
(၁) ဘုဂလန့်ကွန်မင့်သမား
(ဘာမှ မထူးဆန်းပါဘူး။ လပေါ်က လူရောက်တော့ကော ဘာထူးမှာမို့လဲ။ ငွေကုန်လူပမ်း။ နေပေါ် လူဆင်းနိုင်တော့မှပဲ အရာသွင်းချင်တယ်။ပုံ - မောင်ဘုစိန်)
သတင်းခေါင်းစဉ်- ဒေါက်တာဂျိုနာ့စ် ပိုလီယိုဆေး ထွင်နိုင်ပြီ
ကွန်မင့်များ - ( ၀မ်းသာစရာပါခင်ဗျား။ ဘုရားသခင် ချီးမြှောက်ပါစေသော်ဝ်၊ကလေးတွေ ပိုလီယိုဘေးက လွတ်မြောက်ပြီ - မောင်ကလေးချစ်သူ)
(၂) အဆိုးမြင်ကွန်မင့်သမား
(အပေါ်ပမ်းက ကြည့်ရင်တော့ သူတော်ကောင်းကြီးရဲ့ တီထွင်မှုပဲ။ တကယ်တမ်း ခင်ဗျားတို့ဒေါက်တာဂျိုနာ့စ်ကို မသိကြဘူး။ ဒီလူက သူများတီတွင်မှုတွေကို ခိုးတဲ့သူ။ အိမ်ထောင်ရေးကလည်းသိပ်မကောင်းဘူး။ ပိုလီယိုလည်းမကောင်းဘူး။ ဒီလူကြီးကလည်း လူဆိုးပဲ။ ပုံ - မောင်ခြောက်စောင်း)
သတင်းခေါင်းစဉ်- ဘာလင်တံတိုင်းကြီး ပြိုပြီ
ကွန်မင့်များ - (ကျနော် သေပျော်ပါပြီ။ အဲသည်လို ဖြစ်မယ်လို့အိပ်မက်တောင် မမက်မိဘူး။ ဂျာမန်လူမျိုးတွေအတွက် ဂုဏ်ယူပါတယ်။ - မောင်အပျော်လွန်)
(လူတွေကို ဖိနှိပ်တဲ့ အုတ်တံတိုင်းကြီးကို ဖြိုချပြီးအမှုန့်ပါ ကြိတ်ပစ်ပါ။ ပြီးရင် အိမ်သာထဲ ရေဆွဲချပစ်လိုက်ဗျာ။ - မစန္ဒာလမျိုးချစ်စိန်)
(၃) လမ်းချော်ကွန်မင့်သမား
(ဘယ်လိုမျိုး ပြောလိုက်တာလဲဗျာ။ ခင်ဗျားအကြံအတိုင်း အုတ်ခဲကျိုး အမှုန်အစတွေကိုအိမ်သာထဲ ရေဆွဲချလိုက်ရင် ရေအောက်စည်ပင်လိုင်းတွေ ပိတ်ဆို့ကုန်ပြီး လူတွေ မြို့တွေအကြီးအကျယ် ဒုက္ခရောက်ကုန်မယ်ဆိုတာ မစဉ်းစားမိဘူးလား။ အလကား ငတုံးမကြီး။ - ပုံကိုလမ်ဘေးချော်)
သတင်းခေါင်းစဉ်- တိုက်တိုင်းနစ်သဘောင်္ကြီး နစ်၊ လူထောင်ချီသေ
ကွန်မင့်များ - (အော် ဘုရား၊ ဘုရား၊ ဒုက္ခသည်တွေ ချမ်းသာကြပါစေ။- မယ်စိတ်ပူ)
(ဂျာမန်ရေငုတ်သဘောင်္တွေများ ပစ်မြုတ်လိုက်တာလား၊ - စစ်မှုထမ်းသန်းရွှေ)
(၄) ဖျာခင်းတဲ့ကွန်မင့်သမား
(ဒါမျိုး ကျနော်လည်းဖြစ်ဖူးပါတယ်။ တခါက အရက်မူးမူးနဲ့ ပျော်ပွဲစားထွက်တဲ့လှေကို မှောက်ပစ်လိုက်မိတယ်ဗျာ။ :-D။ ကောင်မလေးတွေက ချောတော့ ပဲပေးတာ များသွားတာကိုး။ပုလိပ်တွေကလည်း လာစစ်တော့အတော် ရှင်းလိုက်ရတယ်။ ဟီး။ - နေပြည်တော်ကတလွဲကောင်မောင်အေး)
သတင်းခေါင်းစဉ်- ၀ါးတာဂိတ်အရှုပ်တော်ပုံ၏ တရားခံ သမ္မတကြီးနစ်ဆင်
ကွန်မင့်များ - (သမ္မတကြီးကို ဘယ်သူမှ မထိဝံ့ဘူး - မောင်ဖားစိန်မိသားစု)
(၅) ၀ါးလုံးရှည်နဲ့ရမ်းကွန်မင့်သမား
( ဘယ်အစိုးရမှ မကောင်းဘူး။ အကုန်လုံးကို ရှင်းပစ်ဖို့ ဥပဒေထုတ်ပါ- ပုံ ပါပီမ (မြ၀တီရုပ်သံ))
ကဲ … ဘယ်လိုလဲ ပရိသတ်ကြီး။ ကွန်မင့်အမျိုးအစား၅ မျိုးကို ကြည့်ပြီးတော့ အခု မြန်မာ့ဖေ့စ်ဘွတ်မှာ အပြိုင်အဆိုင် လိုက်ခ်ကြ၊ ရှဲကြ၊ကွန့်ကြသူတွေအထဲက အဲသည်လို အလင်္ကာကျော်စွာတလွဲတချော်ကွန်မင့်အကျော်အမော် အမျိုးအစား၅ ခုကို မြင်ယောင်ကြည့်မိကြမယ်ထင်တယ်။
အဲသည်လိုမျိုး သတင်းခေါင်းစဉ်နဲ့ကွန်မင့်မျိုးကို စာမူအဖြစ် ထုတ်နုတ်ရေးသားပေးပို့ရင် မိုးမခကစာတည်းမင်းတွေက အခုဆောင်းပါးနောက်ဆက်တွဲတင်ပေးလိမ့်မယ် ထင်ပါရဲ့။
အခုစဉ်းစာမိတဲ့ ဥပမာတခုကတော့…
သတင်းခေါင်းစဉ်- ၁၉၉၀ ရွေးကောက်ပွဲ အင်န်အယ်ဒီ မဲအပြတ်အသတ်ဖြင့် နိုင်ပြီ
ဘုဂလန့်သမား - ဘာမှ မဆန်းဘူး။ ရွေးကောက်ပွဲနိုင်တာနဲ့အာဏာရမယ်လို့ ဘယ်သူက ပြောလဲ။
အဆိုးမြင်သမား - စစ်ရာဇ၀တ်ကောင်တွေကိုအမြင်ကပ်လို့ တဖက်သပ်မဲပေးတာပါ။ နိုင်တဲ့သူတွေကို စောင့်ကြည့်သင့်တယ်။
လမ်းချော်သမား - ရွေးကောက်ပွဲမှာသာကေတမှာနေတဲ့သူက ဗူးသီးတောင်ကနေ ၀င်ပြိုင်တာ ဖြစ်သင့်သလား။ ကျနော့်ဘကြီးက ဗူးသီးတောင်မှာနေတာ ကြာပြီ။
ဖျာခင်းသူ - ကျနော်တို့ နေပြည်တော်သုဘရာဇာသန်းရွှေ မဲ ကပ်ရှုံးတာကို အိုင်စီစီ တင်မှ ဖြစ်မယ်။
ဝါးလုံးရှည်သမား - ရွေးကောက်ပွဲနိုင်ပြီ ဆိုမှတော့ ဟိုကောင်တွေ အမြန်ဆင်း၊ မဆလတွေကိုလည်း ရှင်း၊ သပိတ်ဖြိုခွဲတဲ့ ငထောက်တို့ကိုလည်း
အရှင်မပေးနဲ့၊၊
moemakha .com
0 comments:
Post a Comment