လူမျိုးရေး ပဋိပက္ခများ ယခုရက်ပိုင်း ဆက်တိုက် ပေါ်ပေါက် ခဲ့သော ရခိုင် ပြည်နယ်ရှိ သံတွဲ မြို့နယ်တွင် GTC အပါအ၀င် ကျောင်းအချို့နှင့် ဈေး၊ ရုံးများကို ဒေသ ပဋိပက္ခ အခြေအနေများကြောင့် ဇွန်လ ၅ရက်နေ့မှ စတင်ကာ ယာယီရပ်နားလိုက်ကြောင်း အဆိုပါ မြို့နယ်မှ ဒေသခံများက ပြောကြား ကြသည်။
သံတွဲမြို့နယ် ဒေသခံ အစ္စလာမ်ဘာသာဝင်များက သံတွဲမြို့နယ်တွင် တက္ကသိုလ် တတ်နေသော တောင်ကုတ်မြို့ နယ်မှ ကျောင်းသားများကို သတ်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယင်းသို့ဖြစ်ပွါး သွားခြင်းဖြစ် ကြောင်း ဒေသခံများက ရှင်းပြသည်။ “သံတွဲ GTC မှာက တောင်ကုတ် က ကျောင်းသွားတွေ ရှိတယ်။ မိဘတွေက ပဋိပက္ခဖြစ်မှာကြောက်လို့ လာခေါ် သွားကြတယ်။ မနေ့က ကျောင်းသားတွေကို လုံခြုံရေးတွေ ကားနဲ့ တောင်ကုတ်ကို ပို့လိုက်ပြီ“ ဟု ဒေသခံ အမျိုးသား တစ်ဦးက ဆိုသည်။
လွန်ခဲ့သော မေလ ၂၈ရက်နေ့က ကျောက်နီမော် ကျေးရွှာအုပ်စု သပြေချောင်း ကျေးရွှာနေ မသီတာထွေးအား ရက်စက် စွာ စော်ကား ခံရသော ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် တကွ မွတ်ဆလင် ကုလား များ၏ ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက် ယုတ်မာမှု များကို တောင်ကုတ်မြို့ပေါ်နေ ပြည်သူများ သိ စေရန် အသိပေးနှိုးဆော်သော ခေါင်းစဉ်ဖြင့် ၀ံသာနုရက္ခိတ အဖွဲ့ တောင်ကုတ်မြို့ အမည်ဖြင့် စာများ ဖြန့် ဝေပြီး နောက်ပိုင်း သံတွဲမှ ရန်ကုန်သို့ ထွက်ခွာလာသော ရိုးမသစ္စာ ခရီးသည်တင်ယာဉ်အား သံတွဲ - တောင်ကုတ် ကားလမ်း ဆုံတွင် တောင်ကုတ် ဒေသခံ များက တားဆီးကာ ကားပေါ်တွင် လိုက်ပါလာသည့် အစ္စလာမ်ဘာသာဝင် ဆယ်ဦးကို ကားပေါ်မှ ဆွဲချ၍ သတ်ဖြတ်ခဲ့ သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၃ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ယနေ့ ထုတ်နိုင်ငံပိုင် သတင်းစားများတွင် ဖော်ပြထားသည်။
www.yoyarlay.com/index.php/local-news/local-news/l-local-news/26848-2012-06-05-11-13-21






Kuala Lumpur Time

0 comments:
Post a Comment