http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

စိတ်ကူးယဉ်တယ် ဆိုတာ အဓိပ္ပာယ် ရှိတယ်ဆိုတဲ့ မြင့်မြတ်


စိတ်ကူးယဉ်တယ် ဆိုတာ အဓိပ္ပာယ် ရှိတယ်ဆိုတဲ့ မြင့်မြတ်အိပ်မက်တွေက နိုးထလာတဲ့ တိမ်တိုက်တွေ ကြားထဲကနေ စိတ်ကူးယဉ် ကမ္ဘာ လေး ထဲကို ဘယ်လို စိတ်ကူးယဉ် မလဲလို့ သိချင်တာကြောင့် မြင်ြ့မတ်ကို မေးကြည့်တဲ့ အခါ -
"ကျွန်တော် စိတ်ကူး ယဉ်တဲ့ အချိန် ဟာ အိပ်ရာဝင်တဲ့အချိန်မှာ စိတ်ကူးယဉ် တတ်တယ်လို့ပြောလို့ရပါတယ်။ တွေးဖြစ် တဲ့ အရာတွေကတော့ အများကြီးပါပဲ။ ပြောရရင် စာမျက်နှာ တောင် ဆံ့မယ်မထင် ဘူး။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ကိုယ် သွားချင်တဲ့နေရာတွေ၊ ကိုယ်လုပ် မယ့်အလုပ်တွေအကြောင်းကများပါတယ်။
တစ်ခါတလေ ကားရိုက်တာတွေ များလာ ရင် ကိုယ်သွားချင်တဲ့နေရာမှာ လွတ်လွတ် လပ်လပ် နေချင်တယ် ဆိုရင် ကျွန်တော်ရယ် ကျွန်တော် အရင်းနှီးဆုံး သူငယ်ချင်း တွေနဲ့ စုပြီး ငွေဆောင်ကို သွားပြီး အပန်းဖြေဖြစ် တာ များပါတယ်။
တစ်ခါတလေကျရင် လည်း စိတ်ကူးတည့်ရင် တည့်သလို နိုင်ငံ ခြား သွားလည် ဖြစ်တာ မျိုးတွေလည်း ရှိတယ်။ ကိုယ်သွားမယ့် နေရာမှာ ထူးထူး ဆန်းဆန်း ဘာတွေ ရှိလဲ။ ဘာတွေက ကိုယ့်အတွက် အမှတ်တရ ဖြစ်လဲ ဆိုတာကို ကျွန်တော် မရောက် ရောက်အောင် သွား တယ်။ စူးစမ်းတယ်။ လေ့လာတယ်။
ကျွန်တော် ဘယ်သူ ကိုယ့်မှ ကိုယ့်အကြောင်းကို သိပ်မပြောပြဘူး။ ကိုယ်က အရင် ကတည်းက တစ်ယောက်တည်း နေပြီး တွေးနေတတ်တာ များတယ်။ ကိုယ်ဖြစ် ချင်တဲ့ အရာ ကိုလည်း တစ်ယောက်တည်း ကြိတ်လုပ်တာလည်းများတယ်။ ဒါကြောင့် စိတ် ကူးယဉ်တယ်ဆိုတာ အဓိပ္ပာယ်ရှိ တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်ပါ တယ်"။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif