http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

မြန်မာလုပ်သား အများအပြား ကိုရီးယားသို့ သင်္ကြန်မတိုင်မီ စေလွှတ်မည်

မြန်မာအလုပ်သမားများကို ကိုရီးယားသို့ သင်္ကြန်မတိုင်မီ အများအပြားစေလွှတ်နိုင်ရန် ဆောင်ရွက်နေကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။
”ဆက်သွယ်ရခက်တဲ့ သူတွေ ကိုလည်း အတတ်နိုင်ဆုံး တစ်ခါတည်း ဆက်သွယ်ပြီး အမြန်ဆုံးလုပ် နေတယ်”ဟု အဆိုပါအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သင်္ကြန်ပိတ်ရက်များအတွင်း လေကြောင်းလိုင်း အခက်အခဲရှိပြီး သံရုံးများကလည်း သင်္ကြန်တွင်း ပိတ်သောကြောင့် သင်္ကြန်မတိုင်ခင် အများအပြား စေလွှတ်နိုင်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း၊ သင်္ကြန်အတွင်း ၌ မဖြစ်မနေ သွားရမည့်သူများ အတွက်ကိုမူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။  ”သင်္ကြန်ပိတ်ရက်ဆိုပေမယ့် လုပ်ပေးသင့်တာတွေကို လုပ်ပေး သွားမှာပါ”ဟု အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် ကိုရီးယားမှ ကုန် ထုတ်လုပ်ငန်းအတွက် မြန်မာ လုပ်သားခေါ် ယူမှုများနေပြီး စိုက် ပျိုးရေးလုပ်ငန်းအတွက် လုပ်သား ခေါ်ယူမှုလည်း ပါလာကြောင်း၊ သို့ သော်လည်း မြန်မာလုပ်သားများ အတွက် စိုက်ပျိုးရေးလုပ်ငန်းသည် ကိုက်ညီမှု မရှိသောကြောင့် ကုန်ထုတ် လုပ်ငန်းဖြင့်သာ သွားရောက်မှုများ နေကြောင်း သိရသည်။ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ကိုရီးယားသို့လုပ်သား ပို့ဆောင်မှုစခဲ့ သည့် ၂ဝ၁ဝ နှစ်ကုန် မှစ၍ မတ် ၂၈ ရက်နေ့အထိ လုပ် သား ၂၉၂၅ ဦးသွားရောက်ပြီး ဖြစ်သည်။
http://popularmyanmar.com/mpaper/archives/40581

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif