http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Apr 2012

မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း မြန်ဆန်လာဖွယ်ရှိဟု အာရှဖွံ့ဖြိုးရေးဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း မြန်ဆန်လာဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ တိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်းရှိမည် ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကခန့်မှန်း ထားပြီး ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ရာမှ အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်။ 
ယခုကဲ့သို့ မြန်မာ့စီးပွားရေး အား တိုးမြှင့်ခန့်မှန်းရခြင်းမှာ မကြာသေးမီက အကောင်အထည်ဖော်ခဲ့သည့် မူဝါဒအပြောင်းအလဲများနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု များလာခြင်းကြောင့်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုးတက်မှု အဓွန့်ရှည်စေရန်နှင့် ပြည်သူများ တိုးတက်မှုကို ခံစားရရှိစေရန် အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် ပညာရေး၊ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်လိုကြောင်း အဆိုပါဘဏ်အရာရှိတစ်ဦးက ဆိုသည်။ 
www.weeklyeleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif