ဂျိမ်းစ်ဘွန်း ဇာတ်ရုပ်နဲ့ နာမည် ကျော်ကြား လာတဲ့ ဒန်နီရယ် ခရိတ် ဟာ ၂၀၁၂ အိုလံပစ် ပြိုင် ပွဲကို ဖွင့်လှစ် ပေးမယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အခုလို လုပ်ခွင့် ရတာဟာ ဗြိတိန် တော်ဝင် ဘုရင်မကြီး ကိုယ်တိုင်က သူ့ကို ဒီပွဲအတွက် ဖိတ်ကြား စာပို့ခဲ့လို့ပါပဲ။ ဒီလိုပွဲတစ်ပွဲကို ဖွင့်ပေးမယ့်ကိစ္စ အတွက် ခရိတ်ဟာ ဘုရင်မကြီးရဲ့ ဘက်ကင် ဟန်နန်းတော်ကို သွားရောက်ခဲ့ပါတယ်။
နန်းတော် ကိုသွားရောက်ပြီး သူဟာ ဘုရင်မကြီးနဲ့တွေ့ဆုံခဲ့ ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဆွေးနွေးမှုတွေ ကိုတော့ နန်းတော် တာဝန်ရှိသူတွေက အသေး စိတ်သတင်းထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါ တယ်။လက်ရှိ အစီအစဉ်အရ ဒီဖွင့်ပွဲကို ကမ္ဘာ ပေါ်က လူပေါင်း ဘီလျံနဲ့ချီပြီး ကြည့်ဖွယ် ရှိတယ်လို့ သိရပါတယ်။ အစီအစဉ်အရ ခရိတ်ဟာရဟတ် ယာဉ်ပေါ် ကနေ စထရက်ဖို့ဒ်မှာရှိတဲ့ အိုလံပစ် ကွင်းထဲကို လေထီးနဲ့ ခုန်ချ မှာပါ။
အသက် ၄၄ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ခရိတ်ရဲ့ ရုပ်ရှင်အဖွဲ့သားတွေ၊ ပြီး တော့ ဒါရိုက်တာဖြစ်သူ ဒန်နီဘွိုင်း လေးတို့ဟာ ဘုရင်မကြီးရဲ့ သီးသန့် ခန်းမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ ကြပါတယ်။ ပြီးသွားခဲ့တဲ့အချိန်မှာ ဘုရင်မကြီး က ခရိတ်ကို နန်းတော်တစ်ခု လုံးလိုက် ပြခဲ့ပါတယ်။
နီးစပ်သူတစ်ဦးရဲ့ အဆိုအရ "ဖွင့်ပွဲကို စီစဉ်ကြီးကြပ်တဲ့လူ တွေကထူးထူးခြားခြား ဖြစ်သွားအောင် ခရိတ်ကို ဒီဖွင့်ပွဲအတွက် ရွေးချယ်ခဲ့ တယ်လို့ ဆိုရမှာပါ"လို့ ပြော သွားခဲ့ပါတယ်။ဘုရင်မကြီးနဲ့ နီးစပ်တဲ့သူတစ်ဦးက "ခရိတ်နဲ့ ကျန်တဲ့လူတွေအားလုံးဘုရင် မကြီးနဲ့ နန်းတော်ထဲမှာတွေ့ ခွင့်ရတာဟာ တကယ်ကို ထူးခြားတဲ့ အနေအထား လို့ ပြောရမှာပါ၊ အခုလို ဖိတ်ကြားခံရပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးရမယ့်အတွက် ခရိတ်အတွက်လည်း ထူး ခြားတယ်လို့ ဆိုရမှာ ပါ၊ ခရိတ်ကလည်း သူ့ကို ကမ်းလှမ်းလာ ခဲ့တဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်၊
ဇူလိုင် ၂၇ ရက်နေ့မှာပြုလုပ်မယ့် ဒီဖွင့်ပွဲဟာ အိမ်ကနေ ကြည့်ရှုသူတွေ အားလုံး အတွက် ထူးခြား တဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ၊ ဖွင့်ပွဲအတွက် ပြင်ဆင်မှု ပြုလုပ် ရတာကလည်း တကယ်တော့ မလွယ်လှ ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒီအနေအထားဟာ အားလုံး အတွက် ကျေနပ်စရာဖြစ်လာမှာပါ"လို့ ပြောသွား ခဲ့ပါတယ်။
အခု အစီအစဉ်နဲ့ပတ်သက်ပြီး ပါဝင်တဲ့ လူ အားလုံးကို နှုတ်လုံကြဖို့ ရုပ်ရှင်အဖွဲ့တာဝန် ရှိ သူတွေက ပြောထားခဲ့ပါတယ်။ နောက်ပြီး သူ တို့ရိုက်နေတဲ့ ရုပ်/သံအစီအစဉ် မပေါက်ကြား အောင် ရိုက်ကွင်းကို ဖုန်းတွေ ယူလာခွင့် မပြုပါဘူး။ အခုရိုက်ကူးထားတဲ့ ရုပ်/သံ အစီအစဉ်ရဲ့ အမည်ကတော့ The Arrival လို့ ခေါ်ပါတယ်။ ဒီရိုက်ကူးရေးအဖွဲ့ထဲမှာ ဂျူလီယာ မက်ကင် ဇီလည်း ပါပါတယ်။
www.yoyarlay.com
0 comments:
Post a Comment