http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Apr 2012

စိန်ဂေဟာ စင်တာ များတွင် တန်ဖိုးနည်း ဖုန်းများကို အရစ်ကျ ရောင်းချမည်


စိန်ဂေဟာ စင်တာ များတွင် တန်ဖိုးနည်း ဖုန်းများကို အရစ်ကျ ရောင်းချမည်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများမှ ယခုဧပြီလ ၉ ရက်နေ့ တွင် ချထား ပေးမည့် တန်ဖိုးနည်း ဖုန်းကဒ်များကို စိန်ဂေဟာ စင်တာ များမှ ၅ လပြတ် အရစ်ကျစနစ် ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း စိန်ဂေဟာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စိန်ဂေဟာမှ အရစ်ကျ စနစ်ဖြင့် ရောင်းချရာတွင် ပုံစံ ၂ မျိုး ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။ အရစ်ကျ ဝယ်ယူရာတွင် ၅လပြတ် စနစ်ဖြင့် ဝယ်ယူ ရမည် ဖြစ်ပြီး ကြို တင်စာရင်း ပေးသွင်း ထားသူများကို ဦးစားပေး ရောင်းချ ပေးသွားမည် ဖြစ်သည်။
အရစ်ကျ စနစ်ဖြင့် ရောင်းချခြင်းမှာ ဝယ်ယူသူများ အ နေဖြင့် ကြိုတင် စာရင်းပေးသွင်းရ မည်ဖြစ်ပြီး ကြိုတင်စာရင်းအ နေဖြင့် ပိုက်ဆံတစ်သောင်းကိုပါ ပေးဆောင် ရမည် ဖြစ်သည်။
ဖုန်း ကဒ်များ ချထားပေးသည့် ၉ ရက် နေ့တွင် ပထမဆုံး အရစ်အနေဖြင့် ၆၇၀ဝ၀ ပေးဆောင်ရမည် ဖြစ် သည်။ ကျန်ရှိသောလေးလကို တစ် လလျှင် ၃၆၀ဝ၀ ပေးဆောင်ရမည် ဖြစ်သည်။ ကြိုတင်စာရင်းမပြုလုပ် ထား သူများအနေဖြင့် ပထမစတင် ဝယ်ယူသည့်နေ့တွင် ၇၇၀ဝ၀ ပေးဆောင်ရပြီး ကျန်သောလများ တွင်တစ်လကို ၃၆၅၀ဝပေးဆောင် ရမည်ဖြစ်သည်။
"အခုတော့ ဖုန်းကဒ်တွေကိုပဲ အရင်ရောင်းပေးနေတာပါ။ နောက် ပိုင်းမှာ ဟန်းဆက်အနိမ့်အမြင့်တွေအကုန်လုံးကို ရောင်းချပေးသွားမှာ ပါ။ အခုတောင် ကြိုတင် စာရင်းပေး ထားတာ များနေပြီ။ ၄ လပေးပြီး ကျေသွားမှ အစ်မတို့ဘက်က ဖုန်း စာချုပ်ကို ထုတ်ပေးမှာ။ သူတို့ဆီ က အာမခံဘာမှမယူထားဘူး။ ဝန် ဆောင်ခ အနေနဲ့ ၂၂၃၀ဝ ကိုပေး ရမှာပါ"ဟု စိန်ဂေဟာမှတာဝန်ရှိ သူတစ်ဦးက ပြောသည်။ အရစ်ကျ ဝယ်ယူလိုသူများအနေဖြင့် ဖုန်း၃၉၅ ၁၄၀သို့ ဆက်သွယ် မေးမြန်းနိုင်သည်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif