ရန်ကုန် မြို့တွင် မိုဘိုင်းဖုန်း များ ကောင်းမွန်စွာ ပြောဆိုနိုင်ရန် တာဝါတိုင် ၂၀ဝ ခန့် ထပ်မံ လိုအပ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင့်လွင်က ပြီးခဲ့သည့်လ အတွင်းက မြန်မာ အင်ဖိုတက်ခ် တွင် ကျင်းပသော မြန်မာ့ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက်၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်း များ ကောင်းမွန်စွာ ပြောဆို နိုင်စေရန် တာဝါတိုင် ၂၀ဝ ခန့်လိုအပ်ပြီး လက်ရှိ ရှိနေသော တာဝါတိုင် ၁၄၂ တိုင်အပြင် ထပ်မံ ၍ တိုင် အရေအတွက် ၂၀ဝ လိုအပ် ခြင်းဖြစ်သည်ဟု ပြောကြားသည်။အဆိုပါ BTS တာဝါတိုင် အရေအ တွက် ၂၀ဝ တွင် ၆၅ တိုင် တည် ဆောက်ပြီး ဖြစ်သည် ဟုလည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ကျပ် နှစ်သိန်းဖြင့် ချထားပေးရာတွင် ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ချထား ပေးခြင်း မရှိခြင်းမှာ သုံးစွဲသူ များသည့် အတွက် လိုင်းကျပ်သည့် ပြသနာနှင့် ကြုံတွေ့နိုင် သောကြောင့် ဖြစ်နိုင်သည် ဟု လည်း မိုဘိုင်းဖုန်းကျွမ်းကျင်သူများ က ခန့်မှန်းသုံးသပ်သည်။
မိုဘိုင်း ဈေးကွက် ကျွမ်းကျင် သူတစ်ဦးက "ရန်ကုန်နဲ့ မန္တလေးမှာ ဖုန်းတွေ ချထားမပေးသေး တာက လိုင်းကျပ်မှာစိုးလို့ ဖြစ်နိုင် ပါတယ်။ ရန်ကုန်ဆိုလည်း စီးပွားရေး မြို့တော် ဆိုတော့ ဖုန်းသုံးတဲ့သူက များပါတယ်။ နယ်က လာတဲ့သူတွေ ယူလာတာလည်း ရှိပါတယ်။ ဒါ ကြောင့် ဆက်သွယ်ရေးအနေနဲ့ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီးမှ ဖုန်းချပေးမယ် ထင်ပါတယ် " ဟု သူ၏ အမြင်ကို ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းသုံးစွဲသူ ၃၇၀ဝ၀ဝ ခန့် ရှိနေပြီး ကျပ်နှစ်သိန်းဖြင့် မိုဘိုင်း ဖုန်းများ ချထားပေးပါက သုံးစွဲသူ အရေအတွက် ယခုထက် တိုးတက် လာမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ကျန်ရှိသော လူဦးရေ ငါးသန်းခွဲ ခန့်၏ ဆယ်ရာခိုင်နှုန်း သုံးမည် ဆိုပါက လူဦးရေ ငါးသိန်းခန့် သုံးနိုင်သည်ဟု မြန်မာ့ဆက်သွယ် ရေးက ခန့်မှန်းထားသည်။
မိုဘိုင်းဖုန်းဆိုင်တစ်ဆိုင်မှ မန် နေဂျာတစ်ဦးက"ရန်ကုန်မှာ ဖုန်းသုံးမယ့် အရေအတွက်က များ မယ်ထင်ပါတယ်။ စောင့်နေတဲ့ သူကလည်းရှိနေပါတယ်။ ပြီးတော့ ရန်ကုန်က တခြားနယ်တွေထက် စာရင်တော့ ပိုရောင်းကောင်းမယ် ထင်ပါတယ်။ အခုကို ဈေးကွက် ထဲမှာ ကြိုမှာထားတဲ့သူက များနေ ပါတယ်" ဟု ပြောသည်။
www.yoyarlay.com
0 comments:
Post a Comment