ယခုနှစ်မဟာ သင်္ကြန် ပွဲတော် ကာလ အတွင်း လူဦးရေ ခြောက်သန်း ကျော်နေ ထိုင်သည့် ရန်ကုန်မြို့တော်တွင် ယာဉ် မတော်တဆဖြစ်ပွားမှုများကြောင့် လူလေးဦးသေဆုံးကာ ၁၀ဝ ကျော်ဒဏ် ရာရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေ သကြီး ကြိုးမဲ့ကြေးနန်းနှင့်ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိ ရသည် ။ ရေပက်ကစားရာမှဖြစ်ပွားသော ယာဉ်မတော်တဆမှု ခုနစ်မှု၊ ဒဏ်ရာရသူ ၅၀ ဦး၊ ပုံမှန်ယာဉ်မတော်တဆမှု ၂၃ မှု၊ သေဆုံးသူ လေးဦး၊ ဒဏ်ရာရသူ ၅၆ ဦး စုစုပေါင်း ယာဉ်မတော်တဆမှုကြောင့် လေးဦးသေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ် ထိန်းတပ်ဖွဲ့မှူး ရုံး၏စာရင်းအရ သိရသည်။၂၀၁၁ ခုနှစ် သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှုများမှာ ၃၂ ကြိမ်ဖြစ် ပွားခဲ့ပြီး သေဆုံးသူ ငါးဦး၊ ဒဏ်ရာ ရသူ ၆၉ ဦး ရှိခဲ့ကာ ၂၀၁၀ပြည့်နှစ် သင်္ကြန်ကာလတွင် ယာဉ် မတော်တဆ မှုများမှာ ၂၁ ကြိမ်ဖြစ် ပွားခဲ့ပြီး သေဆုံး သူ ငါးဦး၊ ဒဏ်ရာရသူ ၃၃ ဦးရှိခဲ့ ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးထံမှ သိရသည်။ ၂၀၁၂ ခုနှစ် သင်္ကြန်ကာလတွင်း ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆမှု များ ၏ သေ ဆုံးမှုမှာ ၂၀၁၀၊ ၂၀၁၁ ခုနှစ် သင်္ကြန်ကာလ များထက် လျော့နည်း ခဲ့ပြီး ဒဏ်ရာရရှိသူစာရင်းမှာ ၂၀၁၁ ခုနှစ်ထက် လူဦးရေ ၃၀ကျော် ပိုမို များပြားခဲ့ကြောင်း ယင်းဌာန၏ စာရင်း များအရ သိရှိရသည်။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment