http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Apr 2012

ကြို့ပင်ကောက်၊ ကျစွာရွာမှာ မိဘမဲ့ကလေး တွေအတွက် သိန်း ၅ဝ တန် အဆောက်အအုံလှူဒါန်းမယ့် ခင်လှိုင်


ခင်လှိုင်က အနုပညာရှင်မောင်နှမများ စုပေါင်းအလှူမှာ ဒိန်းဒေါင်နဲ့အတူ ကမကထ ပြုလုပ်ပြီး ရှင်အပါး ၂၇ဝ ကို ရဟန်းခံရှင်ပြု ပေးခဲ့ပါတယ်။ အလှူပြုလုပ်ရင်းနဲ့ သူတို့ ၂ ယောက်က မိဘမဲ့ကလေးတွေကို အလှူ တွေလုပ်ဖို့ သဒ္ဒိဋ္ဌာန်ချလိုက်တယ်လို့ဆိုတဲ့ ခင် လှိုင်က…”မိဘမဲ့ကလေးတွေ၊ တအားဆင်းရဲတဲ့ ကလေးတွေကိုလှူဖို့ သဒ္ဒိ ဋ္ဌာန်ချလိုက်တယ်။ ကြို့ပင်ကောက်ဘုရားနားက ကျစွာဆိုတဲ့ ရွာ လေးတစ်ရွာမှာ မိုးပြည့်ပြည့်မောင်က ပွဲသွား ကရင်းတွေ့ခဲ့တဲ့ မိဘမဲ့ကလေး ၈၅ ယောက် က တအား ဆင်းရဲတယ်။ သူတို့နေတာ အမိုး ပဲရှိပြီး အကာတောင်မရှိဘူး။ အဲဒီမှာ အစ်ကို က သိန်း ၅ဝ တန် အဆောင်တစ်ဆောင်နဲ့ အစ်ကိုတို့ကိုးကွယ်တဲ့ ဆရာတော်ကြီးက လည်း ကလေးတွေအတွက် တစ်ဆောင် ဆောက်ပေးမယ်။ အဲဒီမှာ သင်္ကြန်အတက်နေ့  ညသွားပြီး အစ်ကို့မွေးနေ့ နှစ်ဆန်း ၁ ရက်နေ့ မှာ မြေသွားတိုင်းတယ်။ ဆန်အိတ် ၃၁ အိတ်၊  ငါးခြောက်၊ ကလေးအဝတ်အစား ဘေထုတ် အထည် ၄ဝဝ ပါ ၂ ထုပ်လှူတယ်။ ချောရတနာက ၃ သိန်းခွဲလှူတယ်။ စင်ကာပူ ရော၊ သြစတြေးလျမှာရော မိဘမဲ့ ကလေး တွေအတွက် ရန်ပုံငွေပွဲ ၁ ပွဲ၊ ၂ ပွဲကဖို့ ပြော ထားတယ်။ အစ်ကိုတို့လည်း တစ်ပြားမှမယူ ဘူး။ ဆင်းရဲတဲ့ မိဘမဲ့ကလေးကျောင်းတွေကို အကုန်လှူလိုက်မယ်။ဒါ အစ်ကိုတို့၂ ယောက် ရဲ့ ရည်ရွယ်ချက်ပါ။ အခု ဒိန်းဒေါင်ကတော့ အလှူငွေပဲထည့်ပေးလိုက်တယ်။ သင်္ကြန်မှာ  သူက မန္တလေးမှာဆိုတော့လေ။တစ်နှစ်တစ်ခါ ပုံမှန်ကို လှူဖြစ်မယ်။ ကြားထဲမှာလည်း လှူ သွားမှာပါ” လို့ ပြောပြပါတယ်။ 
popularmyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif