
”ဒီအလှူကမွေးဖွားပေးခဲ့တဲ့ မိခင်အပေါ်လည်း တစ်ထောင့်တစ်နေရာက ကျေးဇူးဆပ်ရာ ရောက်တယ်လို့မြင်တယ်။ အမေအိမ်ယာမှာ ဓမ္မာရုံလိုအပ်တယ်လို့ အမေစန်း ရဲ့အင်တာဗျူးကို ဖတ်ကြည့်တော့ ဖုန်းဆက်ပြီး လှူချင်တယ်လို့ဆိုပြီး လှူဖြစ်သွားတာ။ ဒီနေ့မှာက နှစ်သစ်လည်းဖြစ်အောင်ဆိုပြီး ရေစက်ချတာပါ။ ပြီးသွားတာကြာပါပြီ။ အမေများအတွက် တကယ်အေးချမ်းတဲ့ဓမ္မကို ကျင့်ကြံနိုင်ဖို့ လှူဒါန်းမှုကို ဘယ်အချိန်ပဲ ပြန်အာရုံပြုပြု၊ ကိုယ်လည်း အေးချမ်းမှုကို ခံစားရတယ်။ နှစ်သစ်မှာ ကျွန်တော့် အတွက် အမှတ်တရလည်း ဖြစ်တယ်”လို့ ပြောပြခဲ့ပါတယ်။
နေတိုး၊ မင်းသွေးတို့မိသားစုတွေက သင်္ကြန်အကြတ်နေ့၊ ဧပြီ ၁၄ ရက်နေ့မှာ သုစိတ္တလင်္ကာရကျောင်းတိုက်မှာ သံဃာအပါး ၈ဝ ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး သင်္ကြန်အတက်နေ့၊ ဧပြီ ၁၆ ရက်နေ့မှာ မုန့်တီကို လှူဒါန်းခဲ့ပါတယ်။ သင်္ကြန်အတက်နေ့၊ ဧပြီ ၁၆ ရက်နေ့မှာ ပုဂံအလိုတော်ပြည့် ဘုရားမှာ နေ့ဆွမ်းဆက်ကပ် လှူဒါန်း ခဲ့ပြီး ဒီနှစ်နဲ့ဆိုရင် လှူဒါန်းမှုက ၅ နှစ်ဆက်တိုက်ရှိပြီလို့ ပြောပြပါတယ်။ နေတိုးက သင်္ကြန် ၅ ရက်လုံးကို အိမ်မှာပဲတရား အားထုတ်ဖြစ်ခဲ့ပြီး သင်္ကြန် အပြီးမှာတော့ ပြင်ဦး လွင်ကို ဇာတ်ကား ၄ ကား သွားရောက်ရိုက်ကူး နေပါတယ်။
popularmyanmar.com
0 comments:
Post a Comment