
”လေမုန်တိုင်းပေါ့။ သိပ်တော့မကြမ်းဘူး။ မုန်တိုင်းက ၁ရက်တည်း တိုက်တာပါ။ ဒါပေမဲ့ ကံကောင်းချင်တော့ ဇာတ်ရုံက ဆောက်တဲ့ရုံမဟုတ်ဘူး။ ခန်းမရုံကြီးမှာကတာ ဆိုတော့ ဇာတ်ပစ္စည်းတွေကို ခန်းမထဲအမြန်ရွှေ့ လိုက်ကြရတော့ ဘာမှသိပ်မဖြစ်ခဲ့ဘူး။ အမိုးတွေဘာတွေတော့ လန်ကုန်တယ်။ ဒါ ကြောင့် ၇ရက်ကရမှာကို ၄ရက်နဲ့ဖြတ် ပြီး ပြန်လာတာပါ”လို့ ပြောပါတယ်။ တင်မောင်ဆန်းမင်းဝင်းက သင်္ကြန်ကိုတော့ ရန်ကုန်မှာ ဖြတ်သန်းခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့ မှာတော့ တောင်ငူကိုပြန်ပြီး အလှူ လုပ်ဖြစ်ခဲ့ပါတယ်။ ဧပြီ၂၁ရက်နေ့ကစပြီး ရန်ကုန်ပွဲခွင်တွေ ပြန်ဝင်ပြီဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းက တောင်ဥက္ကလာဘုရားပွဲမှာ စတင်ကပြမှာ ဖြစ်ပါတယ်။ တောင် ဥက္ကလာဘုရားပွဲမှာ ကပြပြီးတာနဲ့ မေ၃ရက်နေ့မှာတော့ ပဲခူးလေးမျက်နှာ ဘုရားပွဲမှာ ကပြဖျော်ဖြေမှာဖြစ်ပါတယ်။ ပဲခူး ရွှေမော်ဓော ဘုရားပွဲကြီးမှာ ကပြဖျော်ဖြေ မှာဖြစ်ပါတယ်။ ပဲခူးရွှေမော်ဓော ဘုရားပွဲကြီးမှာ မကဖြစ်ခဲ့တဲ့အတွက် ပဲခူးပရိသတ်တွေ အတွက် အစားပြန်လည်ကပြ ဖျော်ဖြေခြင်း ဖြစ်ကြောင်း တင်မောင်ဆန်းမင်း ဝင်းက ပြောပါတယ်။ ဒီလပိုင်းတွေမှာတော့ နယ်တွေကို ထွက်ဖြစ်သေးမှာမဟုတ်ဘဲ ၇လပိုင်း မှာတော့ နှင်းဆီအဖွဲ့နဲ့အတူ အင်္ဂလန်၊ပြင်သစ်၊ ဂျာမနီ ဥရောပ၃နိုင်ငံ ကို ဖျော်ဖြေရေးသွားမှာ ဖြစ်ပြီး ရက်၂ဝ ဝန်းကျင်လောက်ကြာမှာ ဖြစ်ကြောင်း၊ တစ်နိုင်ငံမှာတစ်ပွဲနှုန်း ကပြရမှာဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်းက ပြောပါ တယ်။
popularmyanmar.com
0 comments:
Post a Comment