ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ကျော်တော် မြို့နယ် လမ်းမတော် ကျေးရွာ တွင် ဧပြီ၁၃ရက် ညနေ၄ နာရီ ၄၅မိနစ်ခန့်၌ လေပြင်းတိုက် ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုး ပစ်မှုကြောင့် လူသုံးဦး တစ်ပြိုင်နက် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဒေါ်မ သိန်းအောင် အသက်၅၆နှစ် (ဘ) ဦးသာမြသည် နေအိမ်တွင် နေထိုင်နေစဉ် မိုးကြိုး ပစ်ခံရပြီး ၄င်းနေအိမ်၏ ယာဘက် သုံးအိမ် ကျော်တွင် နေထိုင်သော မမြတ်အိလှိုင်(၁၁)နှစ်(ဘ) ဦးသန်းစိန်အေးနှင့် မသန်းသန်းစိုး(၁၈) နှစ် (ဘ) ဦးမောင်အေးလှိုင်တို့ စုစုပေါင်း သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ကျောက်တော်မြို့နယ် ရဲစခန်းမှ သေမှု သေခင်းဖွင့်၍ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိသည်။
www.yoyarlay.com






Kuala Lumpur Time

0 comments:
Post a Comment