ဒဏ်ရာ ပြန်လည် သက်သာရန် ကြိုးစားနေသည့် အာဆင်နယ်ကွင်းလယ် ကစားသမား ၀ီလ်ရှိုင်းယားမှာ နောက်ထပ် ဒဏ်ရာသစ် တစ်ခုထပ်မံရရှိခဲ့ကြောင်း the Sunday Mirrior ၏ ဖော်ပြချက် အရသိရသည်။ ခြေကျင်းဝတ် ဒဏ်ရာကြောင့် တစ်ရာသီလုံး ဘောလုံး ကစားခြင်းမှ အနားယူ နေရသည့် ၀ီလ်ရှိုင်းယားမှာ ချယ်လ်ဆီးနှင့် ကစားမည့် ပွဲစဉ်တွင် ပါဝင် ကစားနိုင်ရန် ပစ်မှတ်ထား ခဲ့သော်လည်း ယခုအခါတွင် လေးရက်ခန့် အနားယူရမည့် ဒူးဒဏ် ထပ်မံ ရရှိခဲ့ကြောင်း သိရသည်။ ယခုလို ဒဏ်ရာ ပြဿနာများဖြင့် ရင်ဆိုင်နေရသည့် ၀ီလ်ရှိုင်းယားကြောင့် အာဆင်နယ် အသင်း အတွက် ထိုးနှက်ဖြစ်နေသလို ယူရိုပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် အင်္ဂလန် အသင်း အတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ အင်္ဂလန် အသင်းမှာ လာမည့် ယူရို ပြိုင်ပွဲတွင် အသင်း၏ ကွင်းလယ် နေရာအတွက် ပါကားနှင့် ၀ီလ်ရှိုင်းယားကို တွဲကစားစေရန် စီစဉ်ထား သော်လည်း ၀ီလ်ရှိုင်းယား၏ ကြံ့ခိုင်မှု အခြေအနေကြောင့် အစီအစဉ် ပျက်ဖွယ် ရှိနေသည်။
www.yoyarlay.com
0 comments:
Post a Comment