သင်္ကြန် ဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုချင်လဲ။
နေတိုး - သင်္ကြန် ဆိုတာ ကတော့ ကျွန်တော်တို့ မြန်မာလူမျိုး တွေရဲ့ ပွဲတော်တွေ ထဲမှာ ပျော်စရာ အကောင်းဆုံးပွဲတော်တစ်ခုပါ။ ကမ္ဘာက လည်း စိတ်ဝင် စားခြင်း ခံရတဲ့ ပျော်စရာကောင်းတဲ့ နှစ်သစ်ကို အေးချမ်းမှု တွေနဲ့ ကြိုဆိုတဲ့ပွဲလို့ ဆိုချင်ပါတယ်။
စူးယှနိုင် - သင်္ကြန်ဆိုတာ တ အားပျော်စရာကောင်းတဲ့ပွဲတော် တစ်ခုပါ။ တစ်နှစ်တစ်ခါမှ ကျ ရောက်တဲ့ပွဲဖြစ်တဲ့အတွက်လည်း မျှော်ရတဲ့ပွဲပါ။ စိတ်ထဲမှာလွတ်ပြီး တော့လည်း ကဲလို့ရတယ်။
မှတ်မှတ်ရရ ရှိခဲ့ဖူးတဲ့ သင်္ကြန်ရော ရှိလား။ နေတိုး - ငယ်ငယ်တုန်းက သင်္ကြန်ကတော့ အမှတ်တရတွေ အများကြီး ပါပဲ။ ကျွန်တော်တို့ ရခိုင် မှာဆိုရင် တအားပျော်စရာကောင်း တယ်။ ရေတွေကစားကြတယ်။ ပြီးရင် သင်္ကြန်နဲ့ ပတ်သက်တဲ့ ဖက်ရှင် တွေကို လည်း စဉ်းစားကြတယ်။ ရပ်ကွက်တွေမှာ မဏ္ဍပ်တွေ ဆောက် ရင်လည်း ဘယ်လို ဆင်မလဲဆိုတာ ကအစ စဉ်းစားတယ်။ အဲဒါမျိုး တွေတော့ ရှိတာပေါ့။
စူးယှနိုင် - အဲဒီလိုတော့မရှိပါဘူး။ နှစ်တိုင်းမှာပျော်ရွှင်ရပါ တယ်။
အသက်ကြီး လာတဲ့ အခါ သင်္ကြန်အပေါ် ခံစားမှုရော ပြောင်းလဲ လာလား။ နေတိုး - ပြောင်းလဲ သွားတာမျိုး ဆိုတာ ကတော့ သင်္ကြန်တွင်းမှာ ရေပက်ခံတာတို့၊ လည်ဖြစ်တာတို့ သိပ်မရှိတော့ဘူး။ ၂၀ဝ၇ ခုနှစ် တုန်းကတော့ Star Club ဆို ရေကစား မဏ္ဍပ်ကို ပရိသတ်တွေနဲ့ ကစားဖို့ လုပ်လိုက်တယ်။ အဲဒီ နောက်ပိုင်းသင်္ကြန်ကျရင် အိမ်မှာ အေးအေးဆေးဆေးနေဖြစ်ပြီးနား တာများတယ်။
စူးယှနိုင် - အသက်အရွယ် အရ ပြောင်းလဲ သွားတာတော့ မရှိပါဘူး။ဒီနှစ် သင်္ကြန်ရော ဘယ်လို ဖြတ်သန်း မှာလဲ။
နေတိုး - ဒီနှစ်လည်း အိမ်မှာ ပဲနားဖြစ်မယ်ထင်တယ်။ ဥပုသ် စောင့်မယ်။
စူးယှနိုင် - ဒီနှစ်တော့ မဏ္ဍပ် ထိုင်ဖြစ်မယ်ထင်တယ်။ စိုင်းစိုင်း မဏ္ဍပ် ဆောက်ရင် တော့ အဲဒီမှာ ထိုင်ဖြစ်မယ်။ဘယ်သူနဲ့ ဖြတ်သန်း ချင်လဲ။
နေတိုး - သင်္ကြန် လည်ဖြစ်ဖို့ တော့မရှိပါဘူး။ ကိုယ်က တစ်နှစ် ပတ်လုံး နားရက်က ဒါပဲရှိတာလေ။ တခြားက ကိုယ်ပိုင်ရက် မရှိ သလောက်ပဲလေ။ အဲဒီ ရက်တွေမှာ တရားနဲ့ ဆေးကြော မယ်လို့ စဉ်းစား ထားပါတယ်။
စူးယှနိုင် - သူငယ်ချင်းတွေနဲ့ ပဲ ဖြတ်သန်း ချင်ပါတယ်။
သင်္ကြန်ရော လည်ဖူးလား။ ဘယ်လို ဖြတ်သန်း ရတာကို ကြိုက်လဲ။
နေတိုး - အရင် ကတော့ သင်္ကြန်ကို ရခိုင်မှာ လည်ဖူးပါတယ်။
စူးယှနိုင် - သင်္ကြန်က မဏ္ဍပ် ထိုင်တာကို ပိုသဘောကျတယ်။ အိမ်ကပေးမထိုင်တော့ ကားနဲ့ပဲ လည်ဖြစ်တယ်။
သင်္ကြန် အငွေ့အသက် တွေထဲက အကြိုက်ဆုံးအရာ ဆိုရင်
နေတိုး - သင်္ကြန် အငွေ့အသက် တွေထဲက အကြိုက်ဆုံး အရာ ဆိုရင် အချိန်ပေါ့။ သင်္ကြန်အကျနေ့ ညနေစောင်းဘက်ကို ကြိုက်တယ်။ လူတွေရဲ့ မျက်နှာမှာ သင်္ကြန် ရောက်ပြီဆိုတဲ့ စိတ်၊ အရမ်းကိုပျော်ရွှင် တက်ကြွနေတဲ့ စိတ်လွတ်လပ်စွာ ပျော်မြူးနေတာကို သဘောကျတယ်။ သင်္ကြန်ကို မလွမ်းစေ ချင်ပါဘူး။ အ ပျော်နဲ့ပဲ ဖြတ်သန်းစေချင်ပါတယ်။
စူးယှနိုင် - ပိတောက်ပန်းပွင့် တာကို တကယ် သဘောကျတယ်။ ပြီးရင် သင်္ကြန်မိုးရွာတာကို ကြိုက် တယ်။ရာသီဥတုပူလာတဲ့အချိန်မှာ သင်္ကြန်ကို ဖြတ်သန်း တာနဲ့ ပတ်သတ်ပြီး အမြင်ဆိုရင်
နေတိုး - သင်္ကြန် ဆိုတာက တော့ သင်္ကြန်ရေနဲ့ ထိတွေ့တဲ့ အချိန်မှာ နေမကောင်းဖြစ်တာတို့ လည်း သိပ်မကြားဖူးပါဘူး။ သင်္ကြန် မှာ ရေပက်ခံ ထွက်သွားရင် ဘာမှ သိပ်မဖြစ် သလိုပဲ။ ဒါကတော့ သင်္ကြန်ရဲ့ထူးခြားမှုလို့ပဲပြောရမယ် ထင်တယ်။
စူးယှနိုင် - ရာသီဥတုပူလာ တော့ သင်္ကြန်ကို သင့်တော်တဲ့ အဝတ်အစားလေး တွေကိုပဲ ပိုဝတ်စေ ချင်ပါတယ်။ ခုခေတ်မှာ ပေါ်နေတဲ့ Rapper ပုံစံလေးတွေ ဝတ်ရင် ပိုအဆင်ပြေမယ် ထင်တယ်။
ရေချိုရှားပါးတဲ့ နိုင်ငံတွေ အများကြီး ရှိနေတဲ့အထဲ မြန်မာနိုင်ငံက သင်္ကြန်ပွဲတော် ကျင်းပပြီး ရေတွေကို ဖြုန်းတီး ပစ်တယ်လို့ရော မခံစား မိဘူးလား။ နေတိုး - သင်္ကြန်ပွဲတော်ဆို တာ ရိုးရာဓလေ့အရလည်းဖြစ်နေ တယ်။ အခုမှရှိတာမဟုတ်ဘူး။ လွန် ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှိလာတာလေ။ ရိုးရာကိုမပျက် အောင်ထိန်းသိမ်းတဲ့အတွက် ဖြုန်း တီးတယ်လို့တော့မထင်ပါဘူး။
စူးယှနိုင် - အဲဒီလိုတော့ မ ထင်မိပါဘူး။ တစ်နှစ်တစ်ခါဆို တော့ ကိုယ်ကလည်း တကယ်ပျော် ရွှင်ချင်ပါတယ်။
ဒီနှစ်သင်္ကြန်မှာ လည်ကြမယ့် သူတွေ ကိုရော ဘာပြောချင် သေးလဲ။
နေတိုး - သင်္ကြန်ကိုဆု တောင်းပေး ချင်တာပါ။ အေးအေး ချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်း သွားစေ ချင်ပါတယ်။
စူးယှနိုင် - ဒီနှစ်သင်္ကြန်မှာ အားလုံးပဲ ပျော်ရွှင်ကြပါစေ စိတ် ချမ်းချမ်း သာသာနဲ့ ကဲနိုင်ကြပါစေ။
နေတိုးရဲ့အချစ်ရေးက ရော.. အချစ်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်ရင်ထဲမှာ ခံစားမှုတွေတော့ အများကြီး ရှိနေပါတယ်။
www.yoyarlay.com
0 comments:
Post a Comment