http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Apr 2012

If......တကယ်လို့များ ရဲတိုက်


ှုIf......တကယ်လို့များ ရဲတိုက်
စာပေ အနုပညာနဲ့ တေးချစ်သူ ပရိသတ် အားလုံးက ကိုငှက်ကြီးလို့ ခေါ်တဲ့ တေးရေး တေးဆို ထူးအိမ် သင်က "တကယ်လို့များ မင်းအပြုံး လေးများမရှိရင်.. တကယ်လို့များ ..."တေးသီချင်း တစ်ပုဒ် စပ်ဆို ခဲ့ဖူးပါတယ်။ အဲဒီသီချင်းကို နားထောင်မိရာက တကယ်လို့များ ဆိုတဲ့ စကားလုံးလေးက ကျွန်မ ခေါင်းထဲမှာ တွေးစရာဖြစ်လာခဲ့ပါ တယ်။ ပြည်သူ ချစ်တဲ့ အနုပညာရှင် တွေကိုလည်း တကယ်လို့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ကူးမိသမျှ မေးဖြစ်ခဲ့ပါတယ်။
တကယ်လို့များ ရဲတိုက်ကို လူသူမရှိတဲ့ ကျွန်းတစ်ကျွန်း ပေါ်ကို တစ်ယောက်တည်း ပို့လိုက်မယ် ဆိုရင် ဘာတွေ ယူသွားချင်လဲ။
ဘာမှ ယူမသွား ချင်ပါဘူး။ ကျွန်းတစ်ကျွန်းမှာ တစ်ယောက်တည်း ဖြတ်သန်းရတဲ့ နေ့တွေကို ကျွန်တော့် စိတ်ကူးထဲမှာ တွေးကြည့်တာ ဘာမှ လိုအပ် တော့မယ် မထင် ပါဘူး။
တစ်ကယ်လို့များ ကိုယ်ပါဝင် သရုပ်ဆောင် ထားတဲ့ ဇာတ်ကား (သို့) ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းခွေကို လက်ဖက်ရည် ဆိုင်မှာ ဖွင့်ထားတာ တွေ့မိရင် ဘယ်လိုခံစားမိလဲ။
သူတို့နဲ့အတူ ခဏလောက် ဝင်ကြည့်လိုက်ချင်တယ်။ ဒါမှ သူ တို့က ကျွန်တော့်ကို ဘာတွေပြော ကြတာလဲ။ ဘာတွေထောက်ပြကြ လဲ သိရတာပေါ့။
တစ်ကယ်လို့များ ကိုယ့်နာမည်နဲ့ လမ်းနာမည်ရှိခဲ့မယ်ဆိုရင်
ဟားဟား ကျွန်တော့် အနေနဲ့ လူတွေ အပေါ်မှာ ကျွန်တော့်ရဲ့ နာမည် သော်လည်းကောင်း တခြားဟာ သော်လည်းကောင်း လွှမ်းမိုးမှု ကြီးကို ကျွန်တော် မကြိုက်ဘူး။ လမ်း ဆိုတာ ကလည်း လမ်းနဲ့လိုက်ဖက် တဲ့ နာမည်လေးပဲ ရှိတာ ကောင်းပါ တယ်။
တစ်ကယ်လို့များ ကိုယ် Crazy ဖြစ်တဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက်နဲ့ အလုပ်အတူတူ တွဲလုပ်ရမယ်ဆိုရင်
ဘာတွေလုပ်ရမှာလဲလို့ ပြန် မေးမယ်။
တစ်ကယ်လို့များ ကိုယ်မုန်းတဲ့ သူတစ်ယောက်နဲ့ ဓာတ်လှေကားတစ်ခု အတူတူ ပိတ်မိ နေမယ်ဆိုရင်
သိပ်မုန်းတဲ့လူမရှိဘူး။
တစ်ကယ်လို့များ တစ်ရက်သာ အသက်ရှည် ရတော့မယ် ဆိုရင် ဘာတွေလုပ်ချင်လဲ။
ခုလိုကို စဉ်းစားမနေတော့ ဘူး။ လုပ်ချင်တာ လုပ်ပစ် လိုက် တော့မှာပဲ။
တကယ်လို့များ ရဲတိုက်ကို နံပါတ်တွေနဲ့ ပတ်သတ်ပြီး အယူသီးမှု ရှိလားလို့ မေးလာခဲ့ရင်
ဂဏန်းတွေနဲ့ပတ်သက်ပြီး အ ယူသီးတာမျိုး ကျွန်တော့်မှာမရှိပါ ဘူး။ ကျွန်တော့်ရဲ့မွေးနေ့ဖြစ်တဲ့ ၁၁နဲ့ပတ်သက်ပြီးတော့ ကျွန်တော် ပိုသဘောကျတတ်ပါတယ်။ ၁၃ ဂ ဏန်းကိုလည်း ကျွန်တော်က Unlucky Number ဆိုပြီး သတ်မှတ် ထားတာမရှိပါဘူး။ ကျွန်တော်ရွေး ရမယ့် ဂဏန်းတွေထဲမှာ ၁၁ မပါခဲ့ ဘူးဆိုရင် ကျွန်တော် ၁၃ ဂဏန်းကို သနားလို့ အမြဲရွေးပါတယ်။ ၇ ကျ တော့လည်း သူများတွေကြိုက်ပြီး သားဂဏန်းဖြစ်တာကြောင့် ကျွန် တော် တခြားနံပါတ်ကိုပဲ ပြောင်း ကြိုက်ဖြစ်သွားတာပါ။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif