
မြန်မာနိုင်ငံ၏ အိုင်တီ ကဏ္ဍကြီး တစ်ခုလုံး ဖွံ့ဖြိုး တိုးတက်အောင် ဦးဆောင် နေသော MICT အနေဖြင့် ပြည်ပမှ ရင်းနှီး မြှုပ်နှံ လိုသည့် နိုင်ငံများ၏ ဆွဲဆောင် ပြောဆို နေမှုကို ကြံ့ကြံ့ခံနေရ သည့် အနေအထား တွင် ရှိနေကာ ပြည်တွင်း ရှိလုပ်ငန်းစုကြီးများကလည်း ဝင်ရောက်လုပ် ကိုင်ရန်ပြောဆို နေသည်ဟု သိရသည်။
"အစိုးရအနေ နဲ့ ကဏ္ဍအားလုံးမှာ ဖွင့်ပေးနေပြီဆို တော့ ကျွန်တော်တို့ MICT အနေနဲ့ လည်းဖွင့်ပေးလိုနေပါပြီ။ ဘီလ်ဂိတ် လာမလား၊ Google လာမလား အား လုံးကိုဖွင့်ပေးသင့်ပါတယ်"ဟု ရှယ် ယာရှင်တစ်ဦးဖြစ်သူ ဦးမောင်စိန်က ပြောကြားသည်။၎င်း၏ မေးမြန်းချက်ကို MICTDC ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဦးက " နိုင်ငံခြားကနေသာ တကယ်ကို လက်ခံပေးမယ် ဆိုရင် ကျွန်တော်တို့ ရှယ်ယာတွေ အားလုံးကို ဝယ်ယူသွား လို့ရတယ်။
ဂျပန်က အကြီးဆုံး NTT ကလည်းTake Over လုပ်ချင်တယ်။ ဟီတာချီကလည်း လိုချင်တယ်၊ ဖူဂျစ်ဆု ကလည်း Share Take Over လုပ်ချင်တယ်။ ရှယ်ယာ ကျပ်သိန်း ၁၀ဝ၀ ထည့်ထားသူက ကျပ်သိန်း ၃၀ဝ၀ လောက်ရသွားမှာသေချာ တယ်။
ကျွန်တော့် ကုမ္ပဏီကိုတောင် ရှယ်ယာ ဝေစုကိုယူမယ့်သူရှိနေတယ်။ ကျွန် တော်မပေးပါဘူး။ ဂျပန်ကုမ္ပဏီ ကလည်း မေးတယ်။ မင်းတို့ကရှယ် ယာ ဘယ်လောက် ရှိမှာ မို့လို့လဲတဲ့။ ကျွန်တော်ကမရှိပါဘူး။ ဒါပေမဲ့မရောင်း ပါဘူးလို့ပြောထားတယ်"ဟုပြော ကြားသည်။
"တဖြည်းဖြည်းချင်း ကျွန်တော် တို့မြတ်အောင် လုပ်သွားမယ်"ဟု ၄င်းက ဆက်လက်ပြောသည်။ MICT ၏ ပင်မအဆောက်အအုံနှင့် မူလဧရိယာသည် ၅ ဧကသာရှိနေ သေးပြီး ထပ်မံတိုးချဲ့ ထားသောမြေ နေရာများရှိနေသေးသည်ဟုသိရကာ နိုင်ငံတကာမှအိုင်တီကဏ္ဍ ရင်းနှီးမြှုပ်နှံ မည့်သူများက အထူး စုံစမ်းမှုများ ရှိနေကြောင်း သိရသည်။
http://www.yoyarlay.com
0 comments:
Post a Comment