http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 May 2012

မန္တေ လး မြို့တော် ဖေ ယာင်း တိုင် မီးထွန်း ဆန္ဒပြ မှု ရပ် ဆိုင်း

မန္တလေးမြို့တော် ဖယောင်းတိုင် မီးထွန်း ဆန္ဒပြမှု ရပ်ဆိုင်းမေလ ၂၀ ရက်နေ့မှ စတင်၍ မန္တလေး မြို့ တော်တွင် ဖယောင်းတိုင် မီးထွန်း ဆန္ဒပြပွဲများ ၃ ရက်ဆက် တိုက် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယနေ့ မေလ ၂၂ ရက်နေ့တွင် ပြုလုပ်မည့် ၂၆ ဘီလမ်း SWAN ဟိုတယ်ရှေ့ မီးထွန်း ဆန္ဒပြမှုကိုမူ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ မီးထွန်း လှုပ်ရှားမှုကို ဦးဆောင်သူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
မေလ ၂၂ ရက်နေ့ ယနေ့ နံနက်မှ စတင်၍ မီးထွန်းဆန္ဒပြမှုတွင် ပါဝင်သူများကို မန္တလေးတိုင်း ဒေသကြီး ရဲအထူးသတင်းတပ်ဖွဲ့ (SB)က တစ်ဖွဲဖွဲ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ရာ နှစ်ဦးသဘောတူ နားလည်မှုဖြင့် ပြေလည်စွာ မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း၊ ထို့အတွက် နှစ်ဦးနှစ်ဖက် အေးဆေး ပြေလည်စေရန် မီးထွန်း ဆန္ဒပြပွဲကို ယာယီ ရပ်နားထားမည် ဖြစ်သော်လည်း မိမိတို့ တောင်းဆိုသော အချက်များကို မလိုက်လျောဘဲ ပြည်သူလူထု လျှပ်စစ်မီးဒုက္ခ အခက်အခဲ ပိုမို ကြုံတွေ့လာပါက ဆက်လက် မီးထွန်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးဆောင်လှုပ်ရှားသူက ရှင်းပြသည်။
မေလ ၂၀ ရက်နေ့ ည ၇ နာရီခန့် အချိန်က စတင်၍ မန္တလေးမြို့ ၇၈ လမ်းမပေါ် တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းရုံး တစ်နေရာနှင့် ၂၆ ဘီ လမ်းမပေါ် SWAN ဟိုတယ်ရှေ့ တစ်နေရာ စုစုပေါင်း နှစ်နေရာတွင် ည ၁၀ နာရီ ဝန်းကျင်ခန့်အထိ မီးထွန်း ဆန္ဒပြခဲ့ကြကြောင်း၊ သို့သော် မန္တလေးမြို့ပေါ်ရှိ မီးထွန်း ဆန္ဒပြမှုတွင် အဖွဲ့တစ်ခုတည်းက လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ရည်ရွယ်ချက် တူညီကြသဖြင့် အဖွဲ့ သုံးဖွဲ့ခန့်က ဦးဆောင် လှုပ်ရှားခဲ့ ကြကြောင်း အဆိုပါ မီးထွန်းဆန္ဒပြပွဲ ဦးဆောင် လှုပ်ရှားသူ အဖွဲ့များထံမှ စုံစမ်းသိရှိ ရသည်။ 48Like · 
www.yoyarlay.com/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif