http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 May 2012

အ မျိုး သ မီး စ ပယ် ယာ ၁၂ ဦး လိုင် စင် ရ ပြီ

အမျိုးသမီးစပယ်ယာ ၁၂ ဦး လိုင်စင်ရပြီအမျိုးသမီး ၁၂ ဦးအား စပယ်ယာ လိုင်စင် ချထားပေးပြီး ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန စီမံရေးရာ ဌာနမှ အရာရှိတစ်ဦးက ပြောသည်။ မထသမှစပယ်ယာ လိုင်စင် ဖြေဆို၍ ကူညီ ဆောင်ရွက်ပေးရန် အကြောင်းကြားသော စာဖြင့် လာရောက် ဖြေဆိုသူ ခြောက်ဦး ရှိပြီး ကျန်လေးဦးမှာ ဝါသနာ အရ ကိုယ် တိုင် လာရောက် လျှောက်ထား သူများ ဖြစ်ကြောင်းနှင့် ဖြေဆိုမှုကို လာ ရောက် လျှောက်ထားသူတိုင်း အောင်မြင်ကြကြောင်း ၄င်းက ပြောသည်။ ”အခုထိ လာရောက်လျှောက် ထားတဲ့ အမျိုးသမီးစ ပယ်ယာ တွေက ပညာတတ်တွေ များတယ်” ဟု ၄င်းကဆိုသည်။
ပညာအရည်အချင်း ကန့်သတ်ချက် မရှိသော်လည်း အမျိုးသမီး စပယ်ယာ လိုင်စင်လျှောက်ထားသူ များမှာ အခြေခံ အဆင့် အနေဖြင့် ၉ တန်းအောင်ပြီး သူများဖြစ်ပြီး ဘွဲ့ရ များ ပါဝင်သည်ဟု ၄င်းက ထပ် လောင်းပြောသည်။ မထသမြို့တွင်းမှ တာဝန်ရှိသူ တစ်ဦးကမူ အမျိုးသမီး စပယ်ယာ များအား လက်ရှိတွင် မြို့တွင်း၌ခန့် ထားရန်မရှိသေးဟု ပြောသည်။ စပယ်ယာလိုင်စင် လျှောက် ထားပါက စပယ်ယာများ လိုက်နာ ရန်လိုသည့် ကျင့်ဝတ်များကို ရေး ဖြေနှင့်နှုတ်ဖြေဖြေ ဆိုရကြောင်း ၄င်း ကညနမှ အရာရှိကပြောသည်။ စပယ်ယာလိုင်စင် လျှောက်ထားပါက လျှောက်လွှာပုံစံကို အခမဲ့ ရယူနိုင်ပြီး ရက်ချိန်း ကတ်ပြားအား ၅ဝ ကျပ်၊ ရွှေမြင်သာ ဂျာနယ် ကျပ် ၃ဝဝ ၊ ပလတ်စတစ် လောင်းခ ကျပ် ၁ဝဝ ၊ ဖြေဆို စစ်ဆေးခ ကျပ် ၁ဝဝ မွန်းတည့် ၁၂ နာရီကျော်ချိန် လာရောက် ဆောင်ရွက်ပါက အချိန်လွန်ကြေး ၅ဝဝ ကျပ်၊ နှုတ်ဖြေနှင့် ရေးဖြေ အောင်မြင် လျှင် မှတ်ပုံတင်ကြေး သုံးနှစ် သက်တမ်း အတွက် ကျပ် ၃ဝဝ ၊ စပယ်ယာ လိုင်စင်ကတ်ဖိုး ကျပ် ၄ဝ နှင့် အာမခံကြေး သုံးနှစ် သက်တမ်း အတွက် ကျပ် ၃ဝဝ ပေးဆောင် ရမည်ဖြစ်ကြောင်း ၄င်းထံ မှ သိရသည်။ စပယ်ယာ လိုင်စင် ဖြေဆိုရန် လျှောက်ထားခြင်း အတွက် ကျသင့် ငွေကို ပိုမိုကောက်ခံပါက တိုင်း ဒေသကြီး ဦးစီးမှူးသို့ တိုင်ကြားနိုင်ကြောင်း ယင်းဌာနမှ သတင်း ထုတ် ပြန်ထားသည်။ ယာဉ်လိုင်းများတွင် အမျိုးသမီး စပယ်ယာ လုပ်ကိုင်ခွင့်ကို ၂ဝ၁၁ ခုနှစ်တွင် လုပ်ကိုင် ခွင့်ပြုခဲ့ခြင်းဖြစ် သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif