http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 May 2012

နိုင် ငံရေး တွင် ဗိုလ် ချုပ် မှူးကြီး ရာနှုန်းပြည့် မ ပါ ဝင် ဟု ဆို

နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီး ရာနှုန်းပြည့် မပါဝင်ဟုဆိုသမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရသစ် လက်ထဲသို့ အာဏာ လွှဲပြောင်း ခဲ့သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် နိုင်ငံအတွက် အရေးကြီးသော ဆုံးဖြတ်ချက် အတွက် တိုင်ပင်ခြင်းမရှိဘဲ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သွားရောက် ဂါရဝ ပြုခြင်းသာ ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီမြန်မာပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ရာနှုန်းပြည့် ပါဝင်ခြင်းမရှိတော့ ကြောင်း၊ လက်ရှိ အစိုးရတာဝန် ရှိသူအချို့နှင့် ညှိနှိုင်းမှုအချို့ရှိသော် လည်း အရေးကြီးသော ဆုံးဖြတ် ချက်များအတွက် ၄င်းနှင့် တိုင်ပင် ခြင်းမရှိကြောင်း၊ သို့ရာတွင် အခါ ကြီး ရက်ကြီးများတွင် သွားရောက် ဂါရဝပြုမှုရှိကြောင်း သူရ ဦးရွှေမန်း က ဆိုသည်။
“လောလောဆယ်မှာ ဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အတွက် ဗိုလ်ချုပ်မှူးကြီးနဲ့ တိုင်ပင် မှုမရှိပါဘူး။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဖြစ်ပေါ်လာတဲ့ အစိုးရကို တာဝန် လွှဲပြီး နောက်ပိုင်းမှာ လက်ရှိ အစိုးရ မှာ တာဝန်ရှိတဲ့ ခေါင်းဆောင်ပိုင်း၊ သက်ဆိုင်သူများနဲ့ ညှိနှိုင်းဆောင် ရွက်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာ သာများ ထုံးတမ်း အစဉ်အလာအရ တစ်နှစ်ကို တစ်ကြိမ်လောက်တော့ စုပေါင်းပြီးတော့ လူကြီးကို ဂါရဝပြုတဲ့သဘော ရှိပါတယ်။ အလုပ် ကိစ္စနဲ့ ပတ်သက်လို့ ကတော့ မရှိဘူးလို့ ပြောလို့ရပါတယ်။ ဘယ် လောက်ထိမရှိဘူးလဲဆိုရင် ရာခိုင်နှုန်းပြည့်မရှိဘူးလို့ ပြောလို့ရပါ တယ်”ဟု သူရဦးရွှေမန်းက ဘီဘီစီ သတင်းဌာန၏ အမေးကို ပြန်လည် ဖြေကြားသည်။
သွားရောက် ဂါရဝ ပြုချိန်တွင်လည်း ဗိုလ်ချုပ်မှူးကြီး က နိုင်ငံရေးအကြောင်း ပြောဆို မေးမြန်းမှု မရှိကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုသည်။ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကလည်း ဗိုလ်ချုပ်မှူးကြီးသည် နေအိမ်တွင် အေးအေးဆေးဆေး စာဖတ်နေကြောင်း ၂၀၁၁ ခုနှစ် အတွင်း ပြည်ပ သတင်း ဌာန တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြော ဆိုခဲ့သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif