
အစ်မ အသက် ၂၅နှစ်မှာရှိတဲ့ ဉာဏ်ရည်၊ဖြတ်သန်းလာတဲ့အ တွေ့အကြုံအရဆိုရင်တော့ သိပ်ပြီးတော့ ကြီးကြီးမားမားမပြောတတ်ပါဘူး။ ငယ်ငယ်တုန်း ကတော့ ဗိုက်ဆာရင်ငို မယ်၊ လိုချင်တာကိုရ အောင်ယူတယ်။ ဒီထက်အသက် နည်းနည်း ကြီးလာရင် ရအောင်ယူ တတ်တာထက် ကောင်းတာ၊ မကောင်းတာ ကိုရွေး ချယ်တတ်လာ တယ်။ ဒီလိုပဲ ဘဝဆိုတာအတွေ့အကြုံလေးတွေယူရင်းနဲ့ လှုပ်ရှား ရုန်းကန်ရင်း တဖြည်းဖြည်းဖြတ် သန်းလာရတာ ပဲလေ။ အချစ်ဆို တာကရော ဘယ်လိုသတ်မှတ်ထားလဲ။
အချစ်ဆိုတာက အသက်အရွယ် အလိုက်ပြောင်းလဲသွားမှာပဲ လေ။ ၁၀နှစ်မှာမေးရင်တစ်မျိုး။ အသက် (၂၀) မှာမေးရင် တစ်မျိုး ဒါ တွေဟာလူတိုင်းလည်း အ သက်အရွယ်နဲ့လိုက်ပြီး စိတ်ခံစားမှုပြောင်းလဲလာမှာပဲလေ။ ဒီအသက်အရွယ် မှာတော့ အေးမြ တဲ့အချစ် ကိုပဲ လိုချင်တယ်။ အရင်တုန်းကတော့ ဘယ်လို လဲ၊ ချောမှတို့ဘာတို့ စဉ်းစားသေးတယ်။ ကိုယ့်ဘဝရဲ့အမောတွေအားလုံးကို သူ့ရဲ့အရိပ် အာဝသအောက်မှာ အမောပန်းဖြေချင်တယ်။ အဲဒီလိုမျိုးအချစ်ပဲလို ချင်တော့တယ်။
www.yoyarlay.com
0 comments:
Post a Comment