http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 May 2012

ဗိုလ် ချုပ် ဇာတ် ရုပ်နဲ့ ပတ် သက် ပြီး ဒေါ်ေ အာင် ဆန်း စု ကြည်ရဲ့ သေ ဘာ ထား ဇာ ဂ နာပြော

ဗိုလ်ချုပ် ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်  ဆန်းစုကြည်ရဲ့ သဘောထား ဇာဂနာပြောဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိဇာတ် ကားအတွက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တူများ ကို ရွေးချယ်ပြီးဖြစ်သလို နောက်ထပ် ရုပ်တူ များကို ရွေးချယ်သွားဦးမယ်လို့ ဇာဂနာ ထံမှ သိရပါတယ်။ အဲဒီလိုရွေးချယ်ပြီးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ ဇာတ်ကားအပေါ်ပြင်ဆင်နေမှုများအကြောင်း ဇာဂနာကို မေးကြည့်ဖြစ်ခဲ့ ပါတယ်။
မေး- အခုလိုဗိုလ်ချုပ်အောင်ဆန်းနဲ့တူတဲ့ သရုပ်ဆောင်တွေအပေါ် ကျေနပ်အားရမှု ရှိလား။
ဖြေ- ပွင့်ပွင့်လင်းလင်းပြောရရင် ဗိုလ်ချုပ် အောင်ဆန်းနေရာမှာ သရုပ်ဆောင်မယ့်သူ တွေကအခုချိန်ထိလျှောက်ထားနေဆဲ၊ရွေးချယ် ခံရတဲ့သူတွေအပေါ်မှာတော့ အန်တီကိုယ် တိုင်ရာနှုန်းပြည့်စိတ်တိုင်းမကျသေးဘူး။ ဒါ ကြောင့်လည်း နောက်ထပ်လည်း ကြိုးစားပြီး ရှာဖွေနေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေရာ တင်မကဘူး။ ဒေါ် ခင်ကြည်နေရာကို သရုပ် ဆောင်မယ့်သူကိုလည်းရွေးချယ်ရဦးမှာပါ။ ဂန္ဒီနေရာမှာ သရုပ်ဆောင်တဲ့ ဘန်ကင်းစလေ က ဂန္ဒီနဲ့တူမှမတူတာ၊ ဂန္ဒီနဲ့တူအောင်လုပ်ယူ တာေ လ။ ဒီလိုမျိုးပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာအကျတူသွားရင် မိတ်ကပ်ဖြည့်လိုက် ရင်တူသွားမှာပါ။ အခု ကျွန်တော်တို့ရှာနေ တာက ဗိုလ်ချုပ်အောင်ဆန်းရုပ်တူတာကို ရှာ နေတာမဟုတ်ဘူး။ စိတ်နဲ့တူတဲ့သူကိုလိုချင် တာ။ ဥပမာ-မျက်လုံးပိုင်းက ညာလို့မရဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိလား။ အလုပ်တစ်ခု ကိုလုပ်တော့မယ်ဆိုရင် နောက် မဆုတ်တမ်း လုပ်မယ့်စိတ်ရှိလား၊အဲဒါတွေအကုန်လုံးက မျက်နှာနဲ့မျက်လုံးမှာပဲပေါ်လွင်တယ်။ ဗိုလ် ချုပ်အောင်ဆန်းရဲ့ကာရိုက်တာကို သရုပ် ဆောင်စေချင်တာ ၊အခု စိတ်တိုင်းမကျဘူးဆို တာတစ်ဦးတည်းခံစားချက်နဲ့ပြောတာပါ။အဖွဲ့ ရဲ့ဆန္ဒမဟုတ်ပါဘူး၊၊အန်တီကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့အခေါက်ရွေးခဲ့တဲ့သူတွေကို စိတ်တိုင်း မကျသေးဘူး။ဒီအတွက်ထပ်ရွေး မယ့်သူတွေ ကို ရှာစေချင်ပါတယ်လို့ပြောခဲ့တယ်။
မေး- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ် ချုပ်အောင်ဆန်းဇာတ်ကားအတွက် ပြင် ဆင်တဲ့အခါ ဘယ်လိုအကြံဥာဏ်မျိုးတွေ ထပ်ပေးတတ်သလဲ။
ဖြေ- ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အသွေးနဲ့ အသားနဲ့တည်ဆောက်တယ်ဆိုတာကို ပေါ် လွင်အောင်ပြစေချင်တယ်။ ဗိုလ်ချုပ်က အလကားနေရင်း အင်္ဂလိပ်စာတော်သွား တာ မဟုတ်ဘူး။ တက္ကသိုလ်ရောက်တဲ့အချိန် မနက်ပိုင်းမှာ အင်္ဂလိပ်လူမျိုးမစ္စတာဝီလီလျံ ကခွေးကျောင်းထွက်ပြီး လမ်းလျှောက်တဲ့ အခါ အတင်းလိုက်ပြီးသင်တာ၊ ဒီလိုအခန်းမျိုး တွေကိုထည့်ရိုက်ပြရမယ်။နတ်မောက်လို နေရာကနေ အင်္ဂလိပ်တွေဖွင့်တဲ့ ရန်ကုန် တက္ကသိုလ်ကို တက်ခဲ့တယ်။ အင်္ဂလိပ်လို ကျွမ်းတဲ့တက္ကသိုလ်ကျောင်း သားတွေကြားထဲ ကျောင်းသားသမဂ္ဂမှာ စကားဝင်ပြောတော့ အားလုံးက လှောင်ကြတယ်။ သရော်ကြ တယ်။ အညာသား တစ်ယောက်က အင်္ဂလိပ် စကားကို မပီမသ ဝင်ပြောခဲ့တယ်။ သူ့ရဲ့ ကြိုးစားမှုကို သိစေချင်တယ်။ လွယ်လွယ် ကူကူနဲ့ဘယ်အရာမှမရနိုင်ဘူးဆိုတာကို သိစေချင်တယ်။ ဒီလိုဟာမျိုးတွေကို အန်တီ ကလည်း သိစေ ချင်တယ်။ထိုနည်းတူ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ကြိုးပမ်းနေချိန်မှာ သူ့အမေက ရန်ကုန်ကို လာလည်တယ်။ အမေကိုချစ်ပေမယ့် မချစ် ချင်ယောင်ဆောင် တယ်။ အမေလုပ်တဲ့သူက ရထားပေါ်တက်သွားပြီး ထွက်သွားတဲ့အချိန် ဘူတာစင်္ကြန်မှာ ဒူးထောက်ပြီး ကန်တော့ တယ်။ သူ့ဘက်က အတတ်နိုင်ဆုံး သံယော ဇဉ်ဖြတ် တယ်။ လွတ်လပ်ရေးကတိုင်းပြည် အတွက် အရေးကြီးတဲ့အချိန် ဖြစ်နေတယ်။ လူသားဆန်တဲ့နှလုံးသားကိုလည်းပြချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့သားသမီးေ တွ ကိုလည်း တအားချစ်တယ်။ သူ့သားဆုံးတဲ့ အချိန်မှာ စိတ်ထဲမှာ ကြေကွဲမှာပဲ။ ဒါကို ဟန်လုပ်ပြီး ဖုံးကွယ်ထားတယ်။ ဒါမျိုးလေး တွေပြချင်တယ်။ အန်တီကိုယ်တိုင် လည်း ပြောထားတယ်။ သူ့အဖေမို့လို့ တအားဆင်း လုံးချောမဟုတ်ပါဘူး။ အပြစ်တွေရှိရင်လည်း ထည့်ရိုက်ပါလို့ပြောထားတယ်။
မေး- ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားဖြစ် မြောက်ရေးကော်မတီအနေနဲ့သမိုင်းအချက် အလက်တွေ မှန်ကန်မှု ရှိအောင် ဘယ်လို စိစစ်လဲ။
ဖြေ-ဖြစ်ရပ်တစ်ခုအနေဂဠုန်ဦးစော သေနတ် မှန်လို့ဆေးရုံပေါ်ရောက်နေတဲ့ အချိန်မှာ ဗိုလ် ချုပ်အောင်ဆန်းက သတင်းသွားမေးတာကို စာရေးဆရာတစ်ယောက်က သူတို့နှစ်ယောက် အပြန်အလှန်ပြောတဲ့ စကားတွေထည့်ထား တယ်။ ဒါက ဘယ်သူမှ သိတဲ့ကိစ္စမဟုတ်ဘူး။ဒီကိစ္စကိုအန်တီနဲ့ပြောဖြစ်တယ်။ ကော်မတီ အနေနဲ့ရောမြန် မာနိုင်ငံမှာရှိတဲ့သမိုင်း ပညာ ရှင်တွေကလည်း စိတ်မကောင်းဘူး။ကြီးကျယ် တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို စိတ်ထင်တိုင်း မရေးသင့်ဘူး၊၊ ကိုယ်လုပ်ရတဲ့အလုပ်မှာ အတ တ် နိုင်ဆုံးဗိုလ်ချုပ်အောင်ဆန်းရဲ့လူသား ဆန်မှု၊ ခံစားတတ်မှုကို မြေမြှုပ်ပြီး တိုင်းပြည်အတွက် အလုပ်တွေလုပ်ခဲ့တယ်။ကော်မတီအနေနဲ့အခု ဆိုရင်သမိုင်း ပညာရှင်ေ တွနဲ့ပူးပေါင်းပြီး ဇာတ် ညွှန်းပိုင်းကို လုပ်နေတယ်။ 
 www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif