http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 May 2012

ဆန္ဒပြ သံပျောက် ကွယ် ရန် တ ရားခွေ နှင့် သီ ချင်း များ ဖွင့်



https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCJnOF2xvMNHohEEihZJG1H3q9RCSxFrQ_GhTVcgXTqB8p5BNb1XPQ2TTEOo3c4iC15abxcZurAfFibLP9VMGtpR6ICsYoEV3lf-msyj7VkyvkOYDC4V3n6g_6a8FFEs21gVPAUc3boWQi/s400/fan.jpgလှိုင်သာယာစက်မှုဇုံတနေရာရှိ အလုပ်သမားတို့၏ အော်ဟစ်ဆန္ဒပြသံများ ဖုံးလွှမ်းသွားစေရေးအတွက် စပယ်ပွင့် အထည်ချုပ်စက်ရုံ ပိုင်ရှင်က သီချင်းများ၊ တရားခွေများ ဖွင့်ထားကြောင်း ထို စက်ရုံရှေ့ ရောက်ရှိနေသော NLD လွှတ်တော် ကိုယ်စားလှယ် ကိုမင်းသူက ပြောသည်။

ကိုမင်းသူက ဆန္ဒပြအလုပ်သမားများအား အကူအညီပေးနေသူဖြစ်သည်။

အသံချဲ့စက်များသုံးကာ ကျယ်လောင်စွာ ဖွင့်ထားခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။

စပယ်ပွင့် နှင့် န၀ဒေး အထည်ချုပ်စက်ရုံ ရှေ့ တွင် အခြေခံ ရပိုင်ခွင့် တောင်းဆိုနေကြသည်မှာ ၉ ရက် ရှိနေပြီဖြစ်ကြောင်း၊ အစိုးရဘက်က လာရောက် ဖြေရှင်းပေးသော်လည်း မပြေလည်ကြောင်း၊ ဆန္ဒပြအလုပ်သမားတို့က ယနေ့မှ စတင်၍ အော်ဟစ် တောင်းဆိုကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

အမျိုးသမီးများ အရိုက်ခံရ
ဆန်းဖလားဝါး အမည်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးဆန္ဒပြမှု ယနေ့စတင်ရာ စက်ရုံပိုင်ရှင်ဘက်ကဟု ယူဆရသူများက ရိုက်နှက်ခဲ့သည့်အတွက် ဒဏ်ရာရသူ အနည်းဆုံး အမျိုးသမီး ၄ ယောက်ရှိသည်ဟု ဆိုသည်။

ပြဿနာများ ပိုမို မကြီးထွားစေရေးအတွက် NLD ရုံးချုပ်တွင် ဦးတင်ဦးက တာဝန်ယူ ဖြေရှင်းပေးနေကြောင်း ကိုမင်းသူက ပြောသည်။

ဆန္ဒပြသူ များပြား
န၀ဒေး၊ စံပယ်ပွင့်၊ ပုလဲ၊ နေမင်းအောင်၊ ဟိုင်မို စသည့် စက်ရုံများက ဆန္ဒပြ အလုပ်သမား စုစုပေါင်း ၅,၀၀၀ ခန့်သည့် ယခုအခါတွင် စက်ရုံများရှေ့ရှိ ကားလမ်းများပေါ် ရှိနေကြောင်း၊ နေပူထဲမှာ ထိုင်ဆန္ဒပြခြင်းများဖြစ်ပြီး ယခုအချိန်ထိ အာဏာပိုင်များဘက်က လာရောက်ဖြေရှင်းပေးသည်ကို မကြားရသေးကြောင်း အလုပ်သမား မမွှေးက ဆက်ပြောသည်။

မှော်ဘီမြို့နယ်ရှိ Yangon Crow သံမဏိ စက်ရုံတွင်လည်း လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ တရားဝင် အလုပ်ပိတ်ရက် သတ်မှတ်ပေးရေး၊ အလုပ်သမား များထံမှ သိမ်းယူထားသည့် နိုင်ငံသား စိစစ်ရေး ကတ်များ ပြန်ပေးရေး၊ လုပ်အားခ တိုးပေးရေး၊ အလုပ်သမား အခွင့် အရေး ရရှိရေး အပါအ၀င် အချက် ၁၃ ချက်ကို တောင်းဆိုခဲ့ရာ အလုပ်ရှင်ဘက်က လိုက်လျောမှု မရှိသေးပေ။

ILO ကို တိုင်ပြီ
ယနေ နေ့လယ်ပိုင်းတွင် ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ( ILO ) ရုံးရှိ တာဝန်ခံ စတိဗ်မာရှယ်ထံသို့ သံမဏိ စက်ရုံ အလုပ်သမား ကိုယ်စားလှယ်များ သွားရောက် တိုင် ကြားကြောင်း အလုပ်သမားအရေး အကူအညီပေးနေသူ ကိုမျိုးမင်းက ပြောသည်။

“အခု စက်ရုံ အလုပ်သမားတွေ ဆန္ဒပြမှုဆက်တိုက်ဖြစ်နေရတာက အခြေခံ လစာ အလွန်နည်းတာနဲ့ အလုပ်သမား ရပိုင်ခွင့်နဲ့ပတ်သက်တာတွေကို ဘာမှ တိတိကျကျ ပြဌာန်း မထားတာတွေ၊ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရကြား ခိုင်မာတဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာ ပြေလည်ရေး ကော်မတီလို သတ်သတ်မှတ်မှတ် မရှိတာတွေက အဓိက အကြောင်းတွေပဲ” ဟု သူက ဆက်ပြောသည်။

ဘာတွေ တောင်းဆိုကြသလဲ
စပယ်ပွင့်ရှေ့ရှိတွင် ဆန္ဒပြနေသူ အလုပ်သမား ၃၅၀ ခန့် ရှိသည်။ ယနေ့ နေ့လယ် ၁၂ နာရီကျော်က စတင်၍ အော် ဟစ် တောင်းဆို ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“ကျမတို့ ဒီကနေ တောင်းဆိုနေတဲ့ကိစ္စက အလုပ်သမားတွေ အကုန်လုံးအတွက် အခြေခံလစာ ၄ သောင်းရယ် ရှားပါး စားရိတ် ၃ သောင်းရယ် အားလုံးပေါင်း ၇ သောင်းပေးဖို့ တောင်းဆိုနေတာပါ” အလုပ်သမား တဦးဖြစ်သူ မဥမ္မာငြိမ်းက ဧရာဝတီကို ပြောသည်။

လှိုင်သာယာ စက်မှုဇုန် ၄ အတွင်းရှိ ပုလဲ အထည်ချုပ်စက်ရုံ ဆန္ဒပြမှုကိုလည်း ယခုထိ အလုပ်ရှင် ဘက်က ပြေလည်ရန် ညှိနှိုင်း ဆောင်ရွက်ပေးမှု မရှိသေး ကြောင်း သိရသည်။

“သူတို့ဘက်ကလည်း မလျှော့တော့ ဒီဘက်ကလည်း စက်ရုံရှေ့မှာ ဒီအတိုင်းပဲ ထိုင်နေ ကြရတာပဲ။ လူဦးရေကတော့ အရင်နေ့ အတိုင်းပဲ။ ၄ - ၅ ရာလောက် ရှိတယ်။ မေ ၁၅ ရက်ကတည်းက ဒီနေ့ထိပဲ။ အလုပ်ရှင်ဘက်က ဘယ်လိုမှ မညှိနှိုင်းပေးဘူး။ အပြင်က အလုပ်သမားတွေကို အထဲကို ၀င်ဖို့ တဆင့်တဆင့် ခေါ် ခိုင်းတာပဲ ရှိတယ်” ဟု ကျန်းမာရေး မကောင်းသည့်ကြားမှ ဆန္ဒပြနေသည့် မမွှေးက ပြောသည်။  
 www.irrawaddyblog.com/2012/05/blog-post_1901.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif