ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဖြစ်ပါသည်။
သူရ ဦးရွှေမန်းနဲ့ အဖွဲ့ဟာ မေလ ၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ နော်ဝေး နိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။
အလားတူ ဒေါက်တာအေးမောင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအပြင် NLD အမတ်တွေဖြစ်ကြတဲ့ ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေးတို့ ပါဝင်တဲ့ လွှတ်တော်အမတ် တချို့လည်း မေလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဂျာမနီနိုင်ငံက လွှတ်တော်ကို သွားရောက်လေ့လာကြပါမယ်။
ဒီခရီးစဉ်တွေဟာ မြန်မာလွှတ်တော် အမတ်တွေရဲ့ ပထမဆုံး ဥရောပခရီးစဉ် ဖြစ်ပြီး၊ လွှတ်တော်စနစ်တွေကို အသေးစိတ် လေ့လာခွင့်ရမှာ ဖြစ်တဲ့အတွက် အကျိုးရှိမယ့် ခရီးစဉ်ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က အခုလိုပြောပြပါတယ်။
" ကျွန်တော်တို့လည်း ဥရောပကို ပထမဦးဆုံးအကြိမ် ဥရောပရဲ့ ဂျာမန်ကို ရောက်ဖူးမှာဆိုတော့ သူ့နိုင်ငံရဲ့ ပါလီမန်၊ သူတို့မှာလည်း ဒီ ရီဂျင်နယ် ပါလီမန်ရှိတယ်လေ။ အဲတာလည်း ၂ ခုရယ်၊ နောက် LDP ပါတီကလည်းပဲ ကျွန်တော်ထင်တယ်၊ ဒီလက်ရှိ ညွန့်ပေါင်းအစိုးရမှာလည်း ငါးနေရာလောက် ဝန်ကြီးရထားတယ် ထင်ပါတယ်။ နောက် ဂျာမန်ပါလီမန် ကျင်းပနေဆဲကာလကို ၇ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပမယ်ပြောတယ်။ မေလမှာလေ။ အဲဒီကာလမှာ ကျွန်တော်တို့က ၃ နာရီနီးပါးလောက် သူတို့ရဲ့ ကျင်းပပုံ ကျင်းပနည်းတွေကို လေ့လာဖို့ ကြုံကြိုက်မယ်ထင်ပါတယ်"
တချိန်တည်းမှာပဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဒေါ်မိမြင့်သန်းတို့ ပါဝင်တဲ့ မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ ဥရောပတိုက် နော်ဝေနိုင်ငံကို အခုလ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လေ့လာရေးခရီး သွားရောက်မယ်လို့ သိရပါတယ်။
ဒီအတောအတွင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့လည်း အခုလ ၅ ရက်နေ့မှာ ဂျပန်နိုင်ငံကို လေ့လာရေးခရီး သွားရောက်မှာဖြစ်ပြီး၊ ဦးခင်ရွှေ၊ ဦးနေ၀င်းထွန်းစတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်ပါသွားကြမယ်လို့ သိရပါတယ်။
RFA NEWS






Kuala Lumpur Time
0 comments:
Post a Comment