ရုရှားနိုင်ငံ မော်စကိုမြို့တွင် Men in Black III ရုပ်ရှင် စတင်ပြသခြင်း အခမ်းအနား သို့ တက်ရောက်လာသော ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဝီလ်စမစ်အား နမ်းရန် ကြိုးစားခဲ့ သည့် အမျိုးသားရုပ်သံသတင်းထောက်တစ်ဦးအား ဝီလ်စမစ်က ပါးရိုက် လိုက်ကြောင်း သိရသည်။ကော်ဇောနီပေါ်တွင် လျှောက်လှမ်းလာသော မင်းသားအား ယူကရိန်းရုပ်သံ J+1 မှ သတင်းထောက်က ချဉ်းကပ်၍ မင်းသား၏ ပခုံးပေါ် ၄င်း၏လက်ကိုတင်၍ နမ်းရန် ကြိုးစားခဲ့ သည်။ သို့သော် မင်းသားက ၄င်းအား တွန်းဖယ်၍ ဘယ်ဘက်လက်ဖမိုးဖြင့် ဖွဖွရိုက်လိုက်သည်။ ယူကရိန်း သတင်းထောက် ဗီတာလီဆီဂျူဒ်က ဝီလ်စမစ်အား ပါးကိုနမ်းရန် ဟန်ပြင်သည်လား နှုတ်ခမ်းကို နမ်းရန် ဟန်ပြင်သည်လားဆို သည်မှာ မကွဲပြားပေ။ မည်သို့ပင်ဆိုစေ ဝီလ်စမစ်မှာ မော်စကိုမြို့မှသတင်း ထောက်၏အပြုအမူကြောင့်တုန် လှုပ်သွားပုံရကြောင်း သတင်း ကဆိုသည်။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment