တာဝါတိုင်အမှတ် ၂၀၆ နှင့် ၂၀၇ တို့အား ဖြန့်ခွဲပြုပြင်ခဲ့ရာ တာဝါတိုင်သို့ ချဉ်းကပ်လမ်းဖောက်ခြင်း၊ ကြိုးထိန်းရန် stay ကျင်းတူးခြင်း၊ Earth Wire ကြိုးနှစ်ချောင်း မြေပြင် တွင် ဖမ်းထိန်းခြင်း၊ တိုင်ဟောင်းမှ ACSR ကြိုးနှင့် Earth Wire ကြိုး ပြုတ်ခြင်း လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး၊ တာဝါတိုင်အမှတ် ၂၀၆ အား တာဝါတိုင်ဖျက်ခြင်းလုပ်ငန်း ၁၀ ရာခိုင်နှုန်း၊ တာဝါတိုင် ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း၊ တာဝါတိုင်အမှတ် ၂၀၇ အား တာဝါတိုင် ဖျက်ခြင်းလုပ်ငန်း ၁၀ ရာခိုင်နှုန်း၊ တာဝါတိုင် ဖောင်ဒေးရှင်းဟောင်း ဖျက်သိမ်းခြင်းနှင့် မြေတူးခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်း လုပ်ငန်းပြီးစီးမှု ၁၀ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးနေပြီဖြစ်သည်။ တာဝါတိုင် အမှတ် ၇၃ အားလည်း အမြန်ပြုပြင်နိုင်ရေး နယ်မြေခံလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းညိုနှိုင်းမှုများ ဆောင်ရွက်နေ ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment