လျှပ်စစ်မီးရဖို့ ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှု နေရာအနှံ့ ဖြစ်ပွားနေချိန်မှာ ဖယောင်းတိုင်ထွန်းကိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ထွက်လာပါတယ်။
ဒီပုံနဲ့ ပတ်သက်ပြီး BurmaVJ Media ရဲ့ ဇန်န၀ါရီ လဆန်းပိုင်း သတင်းတပုဒ် နဲ့ ဓာတ်ပုံတွေကို အခုလို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဂီတဖျော်ဖြေပွဲမှာ ပါဝင်သူတွေကို ဂုဏ်ပြု ညစာဖြင့် ဧည့်ခံ
ပြည်ထောင်စု တိုင်းရင်းသား ဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဂီတ အနုပညာရှင်တွေနဲ့ ဂီတ ဖျော်ဖြေပွဲ အတွင်း ဈေးရောင်းပွဲတော်မှာ ပါဝင် ကူညီခဲ့ကြတဲ့ သူတွေအားလုံးကို
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု ညစာ စားပွဲဖြင့် သူမရဲ့နေအိမ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့က ဧည့်ခံ ကျွေးမွေးခဲ့သလို
အနုပညာရှင်တွေ ဝိုင်းဝန်း လက်မှတ် ထိုးထားတဲ့ တီရှက်အင်္ကျီကို ငွေကျပ် ၁၂၅ သိန်းနဲ့ ဈေးအမြင့်ဆုံး ပေးပြီး ဝယ်ယူ သွားခဲ့တဲ့ common Purpose ကုမ္မဏီက မန်နေဂျင်း ဒါရိုက်တာ ဒေါ်မာလာဝင်းကို ဒီဂုဏ်ပြု ညစာ စားပွဲ ဖိတ်ခေါ်ပြီး အင်္ကျီပေးအပ်ပွဲကိုပါ တစ်ပါတည်း ပြုလုပ်သွားခဲ့ပါတယ်။ www.irrawaddyblog.com/2012/05/blog-post_6398.html






Kuala Lumpur Time

0 comments:
Post a Comment