လန်ဒန်အရှေ့ပိုင်းတွင် တည်ဆောက်ပြီးစီးသွားသော ၂ဝ၁၂ အိုလံပစ်အားကစား ကွင်းကြီးကိုလည်း မေလ ၅ ရက်နေ့က အသက် ၉ နှစ်အရွယ် သမီးငယ်တစ်ဦး စတင် ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲတွင် လူပေါင်း ၄ဝဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်။လာမည့် လန်ဒန်နွေရာသီ အိုလံပစ်ပွဲတော် ပိတ်ပွဲအခမ်းအနားတွင် ပါဝင်ကပြနိုင်ရန် အကသင်တန်းပေးမည်ဟု လိမ်ညာကာ ဆောင်ရွက်ပေးနေသူ နှစ်ဦးအားရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး နေကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ ၄င်းတို့ ဖွင့်လှစ်သင်တန်း ပေးနေသူ ကလေးငယ်များထဲတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်များပင် ပါဝင်ကြ သည်။
နော့သင်တန်ပြည်နယ် (Northamptonshire) တစ်ဝန်းရှိ အကသင်ကျောင်းများမှ ကလေး ငယ် ၇၅ ဦးထိ ပါဝင်နေကြောင်း ပြောပြကြသည်။
၎င်းကျောင်းသားများကို အစမ်းလေ့ကျင့်အခမ်းအနားအ တွက် ပါဝင်ရမည်ဟု ပြောဆိုကာ စည်းရုံးခဲ့ကြပြီး အကသင်တန်းပေး ကြခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူများမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၁ နှစ် အရွယ် အမျိုးသမီးတို့ဖြစ်ကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ ၄င်းတို့နှစ်ဦးသည် အိုလံပစ် အားကစားပွဲတော် ကျင်းပရေးအဖွဲ့နှင့်လည်း မည်သို့မျှဆက်သွယ်ခြင်းမရှိဘဲ ယခုကဲ့သို့ လိမ်လည်အခကြေးငွေယူ သင်တန်းပေးနေခြင်း ဖြစ် သည်။
နိုင်ငံတစ်ဝန်းရှိ ပွဲတော်အတွက် အထောက်အပံ့ပေးသူ ကုမ္ပဏီများအား ချဉ်းကပ်ကာ ၄င်းကိစ္စကို စုံစမ်းစစ်ဆေးနေကြရသည်။ ထိုသူ နှစ်ဦးတို့သည် အကသင်ကျောင်း အုပ်ကြီးများနှင့် သွားရောက်တွေ့ ဆုံကာ ပွဲတော်အကြောင်းကို ရှင်းပြစည်းရုံးခဲ့ကြခြင်း ဖြစ်သည်။
ကလေးငယ်များမှာ အသက် ၉ နှစ်နှင့် ၁၉ နှစ်ကြားရှိကြပြီး ယခုလုပ်ငန်းကို စပွန်ဆာပေးမည့် လုပ်ငန်းရှင်များရှိသောကြောင့် စီးပွားရေးအဖြစ် အက သင်ပေးခြင်း ဖြစ်ကြောင်း ပြောဆိုချဉ်းကပ်ခဲ့ကြ သည်။
၎င်းတို့နှစ်ဦးမှာ လန်ဒန်နှင့် နော့သင်တန်တို့တွင် နေထိုင်သူများဖြစ်ကြသည်။ ရဲတပ်ဖွဲ့အကြီးအကဲက ယခုကဲ့သို့ ကလေးငယ်များနှင့် ပတ်သက်၍မနှစ်မြို့ဖွယ်ရာ သတင်းကြောင့် စိုးရိမ်ပူပန်စရာနှင့် ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း ပြောပြခဲ့သည်။
popularmyanmar.com/mpaper/archives/42078






Kuala Lumpur Time
0 comments:
Post a Comment