ကမ္ဘာ တစ်လွှားမှာ အချိန်နဲ့ အမျှ ကလေး မီးဖွားမှုတွေ ရှိနေပေမယ့် ပုံမှန် မဟုတ်တဲ့ မီးဖွားမှု တွေက အရမ်း ရှားပါတယ်။ ရှိလာပြန်လည်း လက် (၃)ဖက်နဲ့ မွေးတာ ခြေထောက် (၄) ချောင်းနဲ့မွေးတာ၊ ခေါင်းနှစ်လုံးမွေး တာ စသည်ဖြင့် ပုံစံအနေအထားမျိုးစုံ နဲ့ မွေးလာကြတာ တွေ့ရပါတယ်။တကယ်တော့ ဒီလိုပုံမှန် မဟုတ်ဘဲ မွေးဖွားလာမှုတွေဟာ သတ္တဝါတစ်ခု ကံတစ်ခုဆိုတဲ့အတိုင်း အတိတ်ဘဝ အကုသိုလ်ဝဋ်ကြေးကို ပေးဆပ်ဖို့ လောကကြီးထဲ ရောက်လာကြသူတွေ ဖြစ်ပါတယ်။
ခုလည်း ကာရိုလိုင်းနား တာဇစ်အမည်ရတဲ့ မိန်းကလေးငယ် ဟာ ပုံမှန်ထက် (၄)လစောပြီး မွေးဖွား ခဲ့သူတစ်ဦးပါ။ အံ့ဩစရာကောင်း လောက်အောင် အသက်ရှင်ခဲ့ပေမယ့် မွေးကင်းစအရွယ်မှာ ကိုယ်အလေးချိန် (၁၂)အောင်စ၊ အရပ်အမောင်းက လည်း (၁၂) စင်တီမီတာပဲရှိတာ ကြောင့် ဘရာဇီးလ်နိုင်ငံရဲ့ အသေးဆုံး မွေးကင်းစမိန်းကလေးဖြစ်လာခဲ့ပါတယ်။
သူ့ကို အလက်ဇန္ဒား (၃၂)ဆိုတဲ့ အမျိုး သမီးက ကိုယ်ဝန်(၅)လ အရွယ် ပြီးခဲ့တဲ့ နိုဝင်ဘာလမှ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး Vila da serra ဆေးရုံ ဆရာဝန် တွေရဲ့ အကူအညီ ကြောင့် အခုလို အသက်ရှင် ခွင့်ရခဲ့တာပါ။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment