http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

စ ကား များ ရန်ဖြစ် ရာမှ ဓားနှင့် ခုတ် သတ် သူအား ထောင် ဒဏ် (၁၀)နှစ် ချမှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပေါ် တွင် စကားများ ရန်ဖြစ် ကြရာ ဓားယူပြီး ဓားနှင့် ခုတ်သတ် သူအား စစ်တွေ ခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ် ခဲ့ပါသည်။
ဖြစ်စဉ်မှာ ၂-၈-၂၀၁၁ ရက် နေ့လယ် (၁၁) နာရီ (၅၀)မိနစ်တွင် စစ်တွေမြို့၊ ရွာကြီး မြောက်ရပ်ကွက် နေမင်းအောင် (၂၀)နှစ်သည် အရက် သောက်စား မူးယစ်လာပြီး တစ်ရပ် ကွက်တည်းနေ ထွန်းထွန်း (ခ) ထွန်းသန်း(၂၉)နှစ်အား ဆဲဆို ခြိမ်းခြောက်ရာမှ အပြန်အလှန် စကားများရန်ဖြစ်ကြပြီး ထွန်းထွန်း (ခ)ထွန်းသန်းက နေအိမ်သို့ပြန်ပြီ ဓားရှည်ယူ၍ ခုတ်ရာ မင်းအောင် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ် သက်၍ သေဆုံးသူ မင်းအောင်၏ အစ်မဖြစ်သူ မလှအေးမြ(၃၃)နှစ်က အရေးယူပေးရန် တိုင်တန်းချက်အရ၂-၈-၂၀၁၂ ရက် မွန်းလွဲ (၂)နာရီ (၄၀)မိနစ်တွင် စစ်တွေ အမှတ်(၂) ရဲစခန်း(ပ)၁၂၆/၂၀၁၁ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး အမှုကို စခန်းမှုးရဲအုပ်ခင်ဇော်ဦးက စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
အမှုစစ်စခန်း မှူးရဲအုပ်ခင်ဇော်ဦးနှင့် နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ်အေးခင်မောင် တို့အဖွဲ့သည်အမှုမှ တရားခံထွန်း ထွန်း(ခ)ထွန်းသန်း အား ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် ၃၁-၈-၂၀၁၁ ရက်တွင်စစ်တွေမြို့အမှတ် (၂)ရဲစခန်း စွဲချက် ၁၃၁/၂၀၁၁ အရ တရား စွဲတင်ပို့ ခဲ့သည်။
အမှုကိုစစ်တွေခရိုင် တရား ရုံးပြစ်မှုကြီးအမှတ် (၅၆/၂၀၁၁) ဖြင့် လက်ခံစစ်ဆေးခဲ့ ရာ တရားခံ ထွန်းထွန်း(ခ)ထွန်းသန်းမှာ ပြစ်မှု ထင်ရှားပေါ်ပေါက်သဖြင့် ၄င်းအား ပြစ်မှုပုဒ်မ ၃၀၂(၂) အရ အလုပ်နှင့် ထောင်ဒဏ်၁၀နှစ်ကျခံစေရန် စစ် တွေခရိုင်တရားရုံး ၂၄-၄-၂၀၁၂ နေ့ တွင် အမိန့်ချခဲ့သည်။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif