http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

သမက်သူဌေး

သမက်သူဌေး ဒီနှစ် နွေရာသီ ကလည်း ပူပြင်းလွန်း လှပေမယ့် ပရိသတ် အတွက် ဒီ တစ်ပတ်မှာ ရိုက်ကွင်း တင်ဆက်ရမှာ ဖြစ်တာကြောင့် အပြင်ကို ထွက်ခဲ့ ပါတယ်။ ရွှေလမင်း ဆေးရုံကို ရောက်တော့ ဆေးရုံထဲက လူနာခန်းထဲမှာ အခြေတင် စကားတွေပြောရင်း မင်းသားနဲ့ မင်းသမီး အားမယ့်အချိန်ကို စောင့်ရင်း ဒါရိုက်တာနဲ့ စကားပြောနေ မိပါတယ်။ ပြီးတော့ ထမင်းစား နားတဲ့ အချိန် ဒီကားမှာပါဝင်တဲ့ သူတွေကို ဇာတ်ကားအကြောင်း မေးကြည့်တဲ့အခါ

ဒါရိုက်တာသားကြီး

ဇာတ်လမ်းရဲ့ ပုံစံကတော့ ကောင်လေးရဲ့ အဖေက ကောင်မလေးရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ ကောင်လေးရဲ့အဖေက ချမ်းသာတယ်။ မိန်းမနဲ့ ကွဲနေတယ်။ ရပ်ကွက်ထဲမှာ သူ့ဘာသာ သပ်သပ်လာနေတယ်။ တစ်ရက် ကျတော့ ကောင်မလေး ကားတိုက်မိသလို ဖြစ်တာကို အဘိုးကြီးက ဝင်ကယ်လိုက်တယ်။ ဒဏ်ရာရပြီး လေဖြတ်သလို ဖြစ်သွားတယ်။ ကောင်မလေးအဖေက တာဝန်ရှိတယ်၊ သွားကြည့်လိုက်ဦးဆိုတော့ ကောင်မလေးက အဘိုးကြီးနေတဲ့ ရပ်ကွက်ထဲမှာ လိုက်မေးတယ်။ အဲဒီမှာ စိုင်းစိုင်းနဲ့ သွားတွေ့ပြီး ဒီလူရှိလားလို့မေးတော့ လူငယ်ချင်း စကားတွေ များကြတယ်။ အမှန်တော့ ကောင်လေးက သူ့အဖေဆီကိုလာတာ။
သင်ဇာဝင့်ကျော်နဲ့တွေ့ပြီး စကားပြောရင်း ကတောက်ကဆ ဖြစ်တယ်။ သူ့အဖေမှန်း သိသွားတော့ ကောင်လေးကို သင်ဇာဝင့်ကျော်က နင့်အဖေကို ငါတစ်သက်လုံး ထောက်ပံ့ပေးမယ်။ နင်ငါ့ဆီမှာ အလုပ် လုပ်မလားလို့ မေးတယ်။ စိုင်းစိုင်းကလည်း လုပ်မယ်ဆိုပြီး သူ့အိမ်မှာလိုက်ပြီး လုပ်တယ်။ ကောင်မလေးကလည်း အရမ်းမောက်မာတယ်။ ကောင်လေးကလည်း ကောင်မလေးမာနကို ရိုက်ချိုးမယ်ဆိုပြီး လုပ်တာ။
အိမ်ရောက်သွားတော့ ကားလိုက်မောင်းပေးရတယ်။ ကောင်မလေးကလည်း သူကို ပညာမျိုးစုံပြတယ်။ တချို့ဟာတွေ ကျတော့လည်း ကောင်လေးက သည်းခံတယ်။ နောက် ဧည့်ခံပွဲတစ်ခုမှာ ကောင်မလေးအဖေ သဘောတူထားတဲ့ အံ့မင်းညိုဆိုတဲ့လူက မူးနေပြီးတော့ ဆွဲလားရမ်းလားတွေဖြစ်ပြီး ကောင်လေးက ဝင်ဆွဲရင်း ထိုးကြတာတွေဖြစ်ရော။ အဲဒီလိုတွေသာ လုပ်နေတာ။
ကောင်လေးကိုတော့ သူက သံယောဇဉ်ရှိတယ်။ တစ်ညကျတော့ သူငယ်ချင်းတွေရဲ့ တွေ့ဆုံပွဲဆိုပြီး ရည်းစားရှိတဲ့သူကလည်း ရည်းစားခေါ်လာတယ်။ အဲဒီလိုမျိုး ပြန်တွေ့ဖို့ ဖြစ်လာရော။ ကောင်မလေးကလည်း ပျင်းလို့ ကားလျှောက်မောင်းရင်းနဲ့ ညဘက် မိုးချုပ်သွားတော့ သူတို့နှစ်ယောက်က ကားပေါ်မှာပဲ အိပ်လိုက်ကြရော။ သံယောဇဉ်က ပိုတွယ်သွားတယ်။
အံ့မင်းညိုကို ကပွဲသွားဖို့ ပြောထားတော့ သူက ကောင်မလေးတို့အိမ် ရောက်တဲ့ အချိန်မှာ ကောင်မလေးက ပျောက်နေရော။ အမှန်တော့ သူတို့နှစ်ယောက်က ဧည့်ခံပွဲကို ရောက်နေရော။ အဲဒီမှာ ကောင်လေးကို ဘာအလုပ်လုပ်လဲ မေးတော့ ကောင်လေးက သူငယ်ချင်းတွေကို ဝိုင်စက်ရုံတွေပိုင်ကြောင်း အိမ်လည်း ခေါ်သေးတယ်။ နောက်ဆုံး အံ့မင်းညိုက လာတောင်းမယ်ဆိုပြီး တောင်းတာ။
ရည်းစားရှိနေပြီဆိုပြီး ငြင်းလိုက်တော့ အံ့မင်းညိုက ကားတင်ပြေးရော။ ကားတိုက်မိပြီး ကောင်မလေးက ဆေးရုံရောက်သွားတယ်။ ကောင်လေးက ဆေးရုံကနေ သူ့အမေအိမ်ကို ခေါ်သွားတယ်။ အဲဒီမှာ ဇာတ်သိမ်းသွားတာပေါ့။ ဝတ္ထုကတော့ ဗျူးပါ။ ထူးသာ၊ ဇော်ဝင်းမောင်တို့ကလည်း အဖေအဖြစ် သရုပ်ဆောင်ထားတယ်။

စိုင်းစိုင်းခမ်းလှိုင်

ဒီကားထဲမှာ ကျွန်တော်က ခပ်ဆတ်ဆတ် ကောင်လေးတစ်ယောက် ပုံစံမျိုး သရုပ်ဆောင်ထားတယ်။ အဖေနဲ့ အမေကလည်း ကွဲနေတယ်။ ဒါပေမဲ့ ကိုယ်တွေက ပိုက်ဆံတော့ ချမ်းသာတယ်။ ကောင်မလေးကတော့ မာနကြီးတယ်။ စတွေ့ကတည်းက သူနဲ့ကိုယ်က လုံးဝမတည့်ဘူး။ သူ့အချိုးတွေကို ပြောင်းစေချင်လို့ ကိုယ်က လိုက်ပြုပြင်တယ်။ လူငယ်ဇာတ်လမ်းလေးပဲ။ ကြည့်ရင်တော့ ဇာတ်လမ်းကို ကြိုက်သွားမှာပါ။

သင်ဇာဝင့်ကျော်

ဒီကားမှာ ကိုယ်ကချမ်းသာတဲ့ သူဌေးသမီး တစ်ယောက်။ မာနလည်း အရမ်းကြီးတယ်။ တစ်နေ့မှာ လူတစ်ယောက်နဲ့ တွေ့ပြီး ကိုယ်ကားတိုက်မိမလို ဖြစ်တာကို ကယ်လိုက်တယ်။ သူ့ကိုလည်း ကိုယ်က ပြုစုစောင့်ရှောက်မယ်ဆိုပြီး ပြောလိုက်တယ်။ ကောင်လေးနဲ့ကတော့ သူ့အဖေဆီ သွားရင်းနဲ့တွေ့တာ။ စကားပြောတော့လည်း ကတောက်ကဆ ဖြစ်တယ်။ မတည့်ဘူးပေါ့။ ကိုယ်က အရမ်း မောက်မာတော့ ကောင်လေးကို အိမ်မှာ အလုပ်လာလုပ်ခိုင်းတယ်။ သူ့ကိုလည်း ပညာတွေ မျိုးစုံပြတယ်။ နောက်ဆုံးတော့ သူ့ကို သံယောဇဉ် တွယ်သွားတယ်။ အချစ်ကားလေးလို့ ပြောရင်လည်း ရပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif