http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

အရေးနှ င့်အ ဆို အောင်မြင် မှုချိုချို- မိုးရာသီထဲ ရေး/ဆို - L ဆိုင်းဇီ

အရေးနှင့်အဆို အောင်မြင်မှုချိုချို- မိုးရာသီထဲ ရေး/ဆို - L ဆိုင်းဇီ တေး သီ ချင်း တစ်ပုဒ် ပေါက် ရင် ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှမဟုတ် အချစ်သီချင်း ချိုချိုလေးတွေ ဆိုရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာ ဝိုင်းတွေမှာ ကြားရလေ့ ရှိပါတယ်။  အဲဒီလို အောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ်ရဲ့ နောက်ကွယ်က ဖန်တီးသူ တေးရေး ဆရာနဲ့ အသက်သွင်းသူ တေးဆိုတို့ရဲ့ အောင်မြင်မှု အပေါ် ခံစားချက်လေး တွေကို တေးသီချင်းချိုချို အောင်မြင်မှု ချိုချို ဆိုတဲ့ ကဏ္ဍလေးကနေ တင်ဆက်ဖို့ စီစဉ် ဖြစ်ခဲ့ပါတယ်။ 8 DAYS ရဲ့ တေးချစ်ပရိသတ်တွေလည်း ကြိုက်နှစ်သက် မယ်လို့ ယူဆရင်း တင်ဆက်လိုက်ပါတယ်။

စဆိုဖြစ်ခဲ့တာနဲ့ ရေးဖြစ်ခဲ့တာ

ဒီသီချင်းလေးက ဆိုင်းဇီ ကိုးတန်း၊ ဆယ်တန်း ကလေးဘဝတုန်းက ခံစားပြီး ရေးထားတဲ့ သီချင်းလေးပါပဲ။ ဒီသီချင်းလေးကို ပရိသတ်ကလည်း ကြိုက်ကြတယ်။ ခံစားမှုက ဒီသီချင်းလေးထဲက ခံစားမှုကိုတော့ ပရိသတ်က သိပါတယ်။ ဆိုင်းဇီ ပြောပြစရာတောင် မလိုတော့ဘူးလို့ ထင်တယ်။ သီချင်းလေးက တော်တော်လည်း ကြာခဲ့ပါပြီ။ ၂၀၀၅ ခုနှစ်လောက် ကတည်းက ရေးခဲ့ပြီးဆိုခဲ့တဲ့ သီချင်းလေးပါ။

သီချင်းဆိုတဲ့ အချိန်နဲ့ ရေးတဲ့အချိန်

ဆိုင်းဇီတို့ကျတော့ ဆောင်းတွင်းနဲ့ နွေရာသီမှာ ရှိုးပွဲတွေဆိုရတာများတော့ ပွဲတွေဆိုရင် ဆိုဖြစ်တယ်။ မိုးတွင်းဆိုရင်တော့ ညပိုင်းတွေ ဆိုဖြစ်တာများတယ်။ Recording သွင်းရင်တော့ Studio အားတဲ့အချိန်မှာ အသံသွင်းဖြစ်တယ်။ ရေးတဲ့အချိန်က သတ်မှတ်ထားတာတော့ မရှိပါဘူး။ ပရိသတ်ကို ပြောချင်တာက ဒီသီချင်းလေးကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ဆိုင်းဇီက ကျေးဇူးတင်ပါတယ်လို့။ ဆိုင်းဇီကို အားပေးခဲ့တာကလည်း ဒီသီချင်းနဲ့ပဲလေ။

ပရိသတ်လက်ခံတာ သိရတာက

ပရိသတ်လက်ခံတာကို သိရတာက ဆိုင်းဇီကိုယ်တိုင်ထက်ကို ပရိသတ်က အားပေးခဲ့လို့ ဆိုင်းဇီဆိုတာ ဖြစ်လာခဲ့တာပါ။ ဆိုင်းဇီရဲ့ သီချင်းတွေကိုလည်း ပြိုင်ပွဲတွေမှာ ပရိသတ်တွေ ဆိုပြီးပြိုင်ကြတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ဆိုင်းဇီရေးပြီးဆိုတဲ့ သီချင်းတွေကလည်း အေးတဲ့သီချင်းလေးတွေ များတယ်။

ပရိသတ်လက်ခံတဲ့ ခံစားမှုက

ဆိုင်းဇီရဲ့ အေးတဲ့ သီချင်းလေးတို့ကို ပရိသတ် အားပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ ပရိသတ်တွေကိုလည်း ဆိုင်းဇီ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ 
www.yoyarlay.com/entertainment/entertainment/music/25786-l-sai-ze

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif