http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

ခွေး ကိုက်ခံ ရတဲ့ အခါ......

ခွေးကိုက်ခံရတဲ့ အခါ......အခုတလော ခွေးလေခွေး လွင့် တွေ နေရာ တကာ မှာ တွေ့နေ ရ တယ်။ အခု ဒီဆောင်းပါး ကို ရေးနေ ချိန်မှာ တောင် ခွေးဟောင် သံကြောင့် စိတ်အ နှောက် အယှက်ဖြစ် ရတယ်။ ပတ်ဝန်း ကျင်မှာ ခွေးတွေကလည်း ပိုများ လာ သလိုပဲ။ မြို့တော် စည်ပင် သာယာ က တော့ ခွေးလေခွေး လွင့် ရှင်းလင်းရေး တွေ အုပ်စုလိုက်လုပ်တယ်လို့ဆိုတယ်။ ထားပါတော့။ ဆိုလိုချင်တာက မိမိ ပတ်ဝန်း ကျင်မှာ ခွေးလေခွေးလွင့်များ ခြင်းဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေ နိုင်ပါတယ်။
ဒါတင်မက ကျန်းမာရေး ရှု့ထောင့်က ကြည့်ရင် လည်းမကောင်း ပြန်ဘူး။ ခွေးဆိုတာအစုံစားသတ္တဝါ၊ နောက်ဆုံးကုန်ကန်ပြောရရင် ရောဂါပိုး မွှား၊ စုံလင် ပါတယ် ဆိုတဲ့မစင်ကိုတောင် ချမ်းသာမှု မပေးဘူး။ ဒီတော့ သူ့ခန္ဓာ ကိုယ်မှာ ရောဂါပိုးတွေ စုံလင်မယ်ဆို တာ မေးစရာတောင် မလိုဘူး။ တွေး ကြည့်တာနဲ့ကို သိနိုင်တယ်။ တချို့က ခွေးကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေး ကြတယ်။ တကယ့်ကို တယုတယနဲ့ အစားအသောက်အနေအထိုင်ကအစ အဆင့်အတန်းမြင့်မြင့်ထားကြတယ်။ တချို့ဆိုရင်လူစားတာထက်တောင် အဆင့်အတန်းမြင့်သေးတယ်။ အိပ်ရင် တောင်အတူတူအိပ်ပြီး သားသမီးရင်းခြာ လိုကျွေးမွေးစောင့်ရှောက်တတ်ကြတယ်။ ဖျားရင် တိရစ္ဆာန်ကု ဆရာဝန် နဲ့သေချာ ပြသပြီး ကာကွယ်ဆေးတွေ လည်းပုံမှန် ထိုးထားတတ်ကြတယ်။ တချို့လူတွေ ထက်တောင်ကံကောင်းတယ်ဆိုရမလား ပဲ။ ဒါပေမယ့်လောကကြီးက အကောင်း နဲ့အဆိုးကို ဒွန်တွဲနေစေတယ်။ ကံ ကောင်းတဲ့ခွေးတွေရှိသလို ကံဆိုးတဲ့ခွေး တွေလည်းရှိကြတယ်။ လမ်းဘေးမှာ အလွယ်တကူမြင်တွေ့နိုင်တဲ့ ခွေးလေ ခွေးလွင့်တွေပေါ့။ အရေအတွက်အား ဖြင့် သူတို့ကပိုများတယ်။ ရောဂါတွေ ကလည်းပိုမိုထူပြောတယ်။ ခွေးကတ ဆင့်ကူးတတ်တဲ့ရော၈ါတွေ အများအ ပြားရှိတယ်။
အဲဒီထဲကမှ လူပြောအ များဆုံး လူသိအများဆုံးကူးစက်ရောဂါ ကတော့ ခွေးရူးပြန်ရောဂါပဲဖြစ်တယ်။ လူသိများမယ်ဆိုလည်း များလောက်ပါ တယ်။ ဘာလို့လဲဆိုတော့ပိုးမွှားကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေထဲမှာ ၁၁ ခုမြောက်အသေအပျောက်အများဆုံးဖြစ် လို့ပါပဲ။ ခွေးကိုက် ခံရပြီဆိုတာနဲ့ လူတွေ ဟာ ခွေးရူးပြန်ရော၈ါကိုပဲမျက်စိထဲ ပြေးမြင်တတ်ကြတယ်။ ခွေးရူးပြန်ရောဂါကို အင်္ဂလိပ်လို rabiesလို့ခေါ် ပါတယ်။ ဖြစ်စေတာက rabies virus လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ် မျိုးကြောင့်ပါ။ rabies virusအုပ်စုဝင် ဖြစ်ပြီးLyssavirus မျိုးစုထဲမှာပါတယ်။ RNA virus ပဲဖြစ်တယ်။ abies ဆို တာ လက်တင်ဘာသာကလာတာဖြစ် ပြီး "ဂယောက်ခြောက်ခြား ရူးသွပ်ခြင်း" လို့အဓိပ္ပာယ်ရပါတယ်။ လူတို့ မှတ် တမ်းတင်ခဲ့တယ်။ နှစ်စဉ်လူပေါင်း ၆၀,ဝ၀ဝ နီးပါးကို သတ်ဖြတ်လေ့ရှိ တယ်။
အိန္ဒိယနိုင်ငံဟာ အသေအ ပျောက် အများဆုံးနိုင်ငံအဖြစ် နာမည် ကြီးတယ်။ အိန္ဒိယလိုနိုင်ငံမျိုးမှာ ခွေး တွေသာမက မျောက်တွကလည်း လက်သည်တရားခံအဖြစ် ပါဝင်တယ်။ အိန္ဒိယနိုင်ငံမြို့တစ်မြို့ဖြစ်တဲ့ အာဂရာ မှာဆိုရင် လမ်းဘေးအုတ်နံရံတွေပေါ်မှာ မျောက်တွေဆော့နေတာ အတိုင်းသား တွေ့မြင်နိုင်တယ်။ တပ်ခ်ျမဟာကိုသွား ရင် အာဂရာမြို့ကသွားရတယ်။ သူတို့ နိုင်ငံမှာမျောက်ကုတ်ခံရလို့ ခွေးရူးပြန် ကာကွယ်ဆေးလာထိုးတဲ့လူနာတွေ မနည်းဘူးလို့ဆိုတယ်။ တချို့ကျွန်းစု နိုင်ငံတွေ (အင်္ဂလန်၊ ဂျပန်၊ ဖင်လန်) စတဲ့ နိုင်ငံတွေကတော့ ခွေးရူးပြန်ရောဂါ ကင်းမဲ့တယ်လို့ ကြေငြာတယ်။ ခွေးရူးပြန်ရောဂါကြောင့်သေဆုံးသူရဲ့တစ်ဝက် ကျော်ဟာ အာရှတိုက် ကပဲဖြစ်ပါတယ်။ ခွေးရူးပြန်ဖြစ်စေတဲ့ တိရစ္ဆာန်တွေ အများအပြားရှိသော်လည်း ၉၀ ရာခိုင်နှုန်းကျော် ဟာ ခွေးတွေ ကြောင် တွေပဲဖြစ်ပါတယ်။
တချို့က ၉၉ ရာ ခိုင်နှုန်းလို့ဆိုတယ်။ ဒါကြောင့်လဲ ခွေး ရူးပြန်ရောဂါလို့ ခေါ်ဝေါ်ကြဟန်တူတယ်။ သို့သော် ခွေးကိုက်ခံရတိုင်း ခွေးရူးပြန် ဖြစ် တာတော့ မဟုတ်ပါ။ မိမိကိုကိုက် သော ခွေးက ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး ကူးစက်ထားမှသာ ခွေးရူးပြန်ရောဂါဖြစ် ပါလိမ့်မယ်။ ဒါကြောင့် ခွေးကိုက်ခံရပါ က ကိုက်တဲ့ ခွေးကိုမသတ်ဘဲ ၁၀ ရက်ခန့်စောင့်ကြည့်ပြီး မှသာခွေး ရူးခွေး ကောင်းပြောနိုင် ပါတယ်။ ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခံရ ခြင်းမှ ကူးစက်တတ်တယ်ဆိုတာ အထူးပြောနေစရာတောင်လိုမယ်မထင်ပါ ဘူး။ ခွေးကိုက် ခံရပြီး ဘယ်လိုဘယ်ပုံ ကူးစက်ခံရတယ်ဆိုတာ အနည်းငယ် ရှင်းပြလိုပါတယ်။ ခွေးရူးပြန်ဗိုင်းရပ်စ် ပိုးဟာ ခွေးရဲ့သွားရည်ထဲမှာစုစည်းနေ ထိုင်ပြီး ခွေးကိုက်ခံရပါက ပေါက်ပြဲ သွားတဲ့ အနာကတဆင့် ဗိုင်းရပ်စ်ပိုး ဟာ လူ့ခန္ဓာကိုယ်ထဲ စတင်ဝင်ရောက် လာပါတယ်။
ဝင်ရောက်လာတဲ့ဗိုင်းရပ်စ် ပိုးဟာြွကက်သားထဲထိ ဝင်ရောက်ပြီး တဖြည်းဖြည်းပြန့်ပွားလာပါတယ်။ ထိုမှ တဆင့် အာရုံကြောတစ်လျှောက် ဝင် ရောက်လာပြီး အာရုံခံနာဗ်ကြောမကြီး spinal cord) ထိ ပျံ့နှံ့လာပါတယ်။ အာ ရုံကြောတလျှောက် ဝင်ရောက်လာပြီး နောက်ဆုံးမှာ ဦးနှောက်ထဲထိ ဝင် ရောက်လာပြီး ရောဂါလက္ခဏာတွေ စတင်ပြသလာတတ်ပါတယ်။ ယေဘု ယျအားဖြင့် တစ်ရက်မှာ ၄ လက်မနှုန်း နဲ့ပျံ့နှံ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် ရောဂါစတင်ဝင်ရောက်တဲ့နေရာဟာ ဦး ခေါင်းပိုင်းနဲ့နီးလေ ရောဂါလက္ခဏာ မြန်ဆန်စွာပြဖို့ အခွင့်အလမ်း များလေ ဖြစ်ပါ တယ်။ ယေဘုယျ အားဖြင့်ရောဂါစတင် ဝင်ရောက်ပြီး တစ်လနှစ်လအတွင်းမှာ လက္ခဏာစတင်ပြသလေ့ရှိပါတယ်။
တစ်ခါတရံ နှစ်နဲ့ချီပြီးတောင်ကြာတတ် ပါတယ်။ အစောဆုံးပြသတဲ့လက္ခဏာ တွေကတော့ဖျားမယ်၊ ခေါင်းကိုက်မယ်၊ မလှုပ်ချင်အောင်နုံးချိမယ်။ အသက်ရှူ ကျပ်တာ၊ ညအိပ်မပျော်တာဖြစ်မယ်၊ လည်ချောင်းနာတာတွေဖြစ်မယ်၊ ဒါ့အ ပြင်အကိုက်ခံရတဲ့ နေရာက ထုံတာ၊ ပူတာ၊ နာတာ၊ ယားတာ အစရှိသဖြင့် ဖြစ်ပေါ်လာမယ်။ ဒီလိုလက္ခဏာမျိုး ကို ငါးရက်၊ တစ်ပတ်ခန့်ခံစားရပါမယ်။ ဒီ အဆင့်ပြီးတဲ့အခါ ရောဂါလက္ခဏာဟာ အဆမတန်ထွက်လာမယ်။ စိတ်တိုလွယ် လာမယ်၊ စိတ်ဂယောက်ခြောက်ခြား၊ ဂဏှာမငြိမ်ဖြစ်လာမယ်၊ ဒီလိုဖြစ်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ သေဆုံး သွားပါမယ်။ တစ်ခါတရံ Paralytic rabies ခေါ်တဲ့ အကြောသေတဲ့ပုံစံမျိုးနဲ့ လည်း လာတတ်ပါသေးတယ်။ အကိုက် ခံရတဲ့ခြေထောက်က တဖြည်းဖြည်းထုံ လာပြီးမလှုပ်နိုင်အောင်ဖြစ်လာမယ်။
ပြီး ရင် တစ်ကိုယ်လုံးမှာရှိတဲ့ ခြေတွေ လက်တွေပါမကျန် အကြောသေပြီး နောက်ဆုံးအသက်ရှူတာ၊ အစာမျိုတာပါ ခက်ခဲပြီး သေဆုံးရတတ် ပါတယ်။ ဒါပေ မယ့် ဒီလိုလက္ခဏာမျိုး ပြသသူဟာ ပိုမိုရက်ကြာကြာနေရတတ်ပါတယ်။ ပုံမှန်အားဖြင့် ဦးနှောက်နဲ့ သက်ဆိုင် တဲ့ ရောဂါ လက္ခဏာတွေပေါ်ပေါက်ပြီး တစ် ပတ်အတွင်းသေဆုံးတတ်သော်လည်း Paralytic variesတွင် နှစ်ပတ်ခန့်အ ထိအသက်ရှင်နိုင်ပါတယ်။ လက်ရှိအချိန်ထိ ခွေးကိုက်ခံရပါ က ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်း ရှိမရှိ စမ်းသပ်နိုင်ခြင်းမရှိသေးပါဘူး။ ရောဂါလက္ခဏာတွေ ထင်ရှားလာမှသာ ခွေးရူးပြန်ရောဂါဆိုပြီးမှတ်ချက်ချနိုင်ရုံ ကလွဲပြီး အသက်ကယ်နိုင်တော့မှာ မဟုတ်ပါ။ ခွေးရူးပြန်ရောဂါအတွက် ကုရာနတ္တိ ဆေးမရှိလို့ဆိုရမှာပါပဲ။
ဒါ ဆိုရင် ခွေးကိုက်ခံရပြီး ဆေးထိုးတာက ကော ကုသတာမဟုတ်ဘူးလား။ မေးစ ရာရှိပါတယ်။ ဆေးထိုးတာဟာ ကာ ကွယ်ဖို့အတွက် သက်သက်ဘဲ ဆေးထိုး တာဖြစ်ပါတယ်။ ကုသခြင်းမဟုတ်ပါ။ အကယ်၍ ခွေးကိုက်ခံရပြီးပါက ကာ ကွယ်ဆေးမထိုးထားဘဲ ရောဂါလက္ခ ဏာပေါ်ပေါက်ပြီးမှ ဆရာဝန်လာပြရင် ဘာမှတတ်နိုင်တော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဗိုင်းရပ်စ်ပိုးဟာ ဦးနှောက်ထဲထိ ပျံ့နှံ့သွားလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ခွေးရူးခွေးကောင်းမသိတဲ့အခါ မိမိဘက်က ကာကွယ်ဆေးထိုးထားတာ မမှားပါဘူး။ လက်ရှိအချိန်မှာ ကာကွယ် ဆေးငါးကြိမ် သို့ သုံးကြိမ်ထိုးရင်ဘဲ ကာကွယ်နိုင်ပါပြီ။ ဒါ့အပြင် ကိုက်တဲ့ ခွေးကိုလည်း ၁၀ ရက်ခန့် စောင့် ကြည့်သင့်ပါတယ်။ ခွေးကိုက်ခံရင် ဘာလုပ်ကြမလဲ လိုက်နာစရာအချက်သုံးချက်နဲ့ ပြောပါမယ်။
၁။ ခွေးကိုက်ခံရတဲ့ အနာကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေး ကြောပါ။ ရေပိုက်ခေါင်းက စီးဆင်းနေ တဲ့ ရေဟာအသင့်တော်ဆုံးပါပဲ။ ရေဆေး ပြီးရင် အနာကိုခြောက်သွေ့အောင် သန့် စင်တဲ့အဝတ်နဲ့အသာအယာ ပွတ်တိုက် ပေးပါ။ အနာကို အရက်ပြန်နဲ့ဂွမ်းသုံး ပြီးထပ်မံသန့်စင်ပါ။ အရက်ပြန်ကို ခြောက်သွေ့အောင်ထားပြီး odine အရည် Betadine or Septidine) နဲ့ နောက်ဆုံး အဆင့်ဆေးကြော ပါ။ ဆေး ကြောထားတဲ့အနာကို သန့်စင်တဲ့ပတ် တီးနဲ့စည်းပြီး နီးစပ်ရာဆေးခန်း ကိုသွား ရောက်ပြသပါ။ ခွေးကိုက်ခံရပါက ဆရာ ဝန်ထံ  သွားရောက်ပြသပြီး တိုင်ပင်ဆွေး နွေးကာကုသမှုခံယူခြင်းဟာ အကောင်း ဆုံးဖြစ်ပါတယ်။
၂။ ဆရာဝန်ဆီရောက်ပါက ခွေး ကိုက်ခံရတဲ့ အနာနားတဝိုက်ကို လိုအပ် ရင်ဆေးထိုးပေးပါလိမ့်မယ်။ Anti-rabies Immunogiobulin (RIG)လို့ခေါ် တဲ့ ဖြေဆေးတစ်မျိုးကိုပေးတတ်ကြပါ တယ်။ ဒီဆေးဟာ တစ်ပတ်အတွင်းထိုး ပေးရမှာဖြစ်ပါတယ်။ သို့သော် ထိုးသင့် မထိုးသင့်ဆရာဝန်ကဆုံးဖြတ်ပါလိမ့် မယ်။ သတိထားရမည့်အချက်မှာ ခွေး ကိုက်ခံထားရသောအနာကိုမည်သည့် အခါတွင်မှ ချုပ်မပေးရပါ။ ၃။ နောက်ဆုံးအချက်ကတော့ rabies vaccine ခေါ်တဲ့ ကာကွယ်ဆေး ထိုးပေးခြင်းပါ။ Essen method နဲ့ Zagreb method ဆိုပြီး နှစ်မျိုးရှိပါ တယ်။ ပုံမှန်အားဖြင့် Essen method ငါးကြိမ်ထိုးနည်းကို အသုံးပြုကြပြီး RIG ဖြေဆေးမရှိတဲ့အခါZagreb method သုံးကြိမ်ထိုးနည်းကို အသုံးပြု ကြပါတယ်။ ပါဝင်တဲ့ဆေးကအတူတူ ဖြစ်ပြီး လက်မောင်းမှာ အသားဆေးထိုး ရမှာဖြစ်ပါတယ်။ ESSEN Method မှာ ရောက်ရောက်ခြင်းတစ်ကြိမ် ၃ ရက်မှာ တစ်ကြိမ်၊ ၇ ရက်မှာတစ်ကြိမ်၊ ၁၄ ရက်မှာတစ်ကြိမ်နဲ့၊ ၂၈ ရက်မှာ တစ်ကြိမ်စုစုပေါင်း ငါးကြိမ်ထိုးပေးရပါ မယ်။ Zagreb method မှာရောက် ရောက်ချင်းနှစ်နေရာ (ဘယ်လက် မောင်းနဲ့ညာလက်မောင်း)၊ ၇ ရက်မှာ တစ်ကြိမ်၊ ၂၁ ရက်(သို့) ၂၈ ရက်မှာ တစ်ကြိမ်စုစုပေါင်းသုံးကြိမ်ထိုးပေးရမှာ ဖြစ်ပါတယ်။ (ESSEN 0,3,7,14,28, or Zagreb 0,7,21)ဖော်ပြပါ အချက် များထံမှ နံပါတ်(၁) အချက်ဟာ လူနာ ကိုယ်တိုင် လုပ်ရမှာဖြစ်ပြီးအရေးအကြီး ဆုံးဖြစ်ပါတယ်။
ကူးစက်နိုင်ခြေများသူများ Rish person) ကို pre-exposure vaccine ခေါ်တဲ့ ကြိုတင်ကာကွယ်ဆေးထိုးပေး နိုင်ပါတယ်။ အနည်းဆုံး သုံးကြိမ်ပေး ရမှာ ဖြစ်ပြီး ဇေါမနဘာနအ့သိ နဲ့ဆင်တူပါ တယ်။ နောက်ပိုင်းလိုအပ်ရင်လည်း ထိုး ပေးနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက် မိခင်တို့ကို လည်းထိုးပေးနိုင်ပါတယ်။ တိရစ္ဆာန်ချစ်တတ်သူမျာဟာ မိမိတို့ရဲ့ တိရစ္ဆာန်များကို ပုံမှန်ကာကွယ်ဆေး ထိုး ပေးထား သင့်ပါတယ်။ ခွေးကိုက်ခံရသူရဲ့ ထက်ဝက်ကျော်ဟာကလေးများဖြစ်တာ ကြောင့်အထူးဂရုစိုက်စေချင်ပါတယ်။ ဒါ့အပြင် ရောဂါ ကာကွယ်ဖို့ အတွက် ခွေး လေခွေးလွင့်ရှင်းလင်းရေးဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ်အဓိ က ပါဝင်ပတ်သက်နေပါတယ်။ "ခွေး လေခွေးလွင့် ကင်းစင်ဖို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စို့။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif