ဒီ ဓာတ်ပုံ တွေ ကတော့ နှစ် တန်း သုံး တန်း လောက်တုန်းက ပုံတွေပေါ့။ ပြန်ကြည့်တဲ့ အခါမှာလည်း တကယ်ချစ်ဖို့ ကောင်းတယ်။ ငါငယ်ငယ်တုန်းက ဝဝ ကစ်ကစ် လေးပါလား။ ကြီးလာတော့ ပိန်သွားပါလား ဆိုပြီး တွေးမိတယ်။ တကယ်လည်း ပျော်စရာ ကောင်းခဲ့ပါတယ်။ ဓာတ်ပုံတွေလည်း အများကြီး ရိုက်တတ်တယ်။
ငါးနှစ် သမီးလောက် ကတည်းက ဓာတ်ပုံ ရိုက်တာကို ဝါသနာ ပါနေပြီ။ အိုက်တင် တွေ ဆိုရင်လည်း တော်တော်လုပ်တတ်နေပြီ။ တအားလည်း ပဲများ တတ်တယ်။ အမှတ်တရကတော့ အဲဒီတုန်းက ဓာတ်ပုံလေးတွေပေါ့။ ငါးနှစ်သမီး လောက်တုန်းက ငါ အဲဒီလိုပဲပေးပြီး ရိုက်ခဲ့ပါလားလို့ တွေးမိ သေးတယ်။ အဲဒီဓာတ်ပုံတွေကို ပြန်ကြည့်တိုင်း တကယ် ပျော်ရွှင်ရတယ်။ ကင်မရာကြည့်ပြီး ပဲပေးတတ်တယ်လေ။
ကိုယ့်ကိုယ် ကိုယ်တောင် ငါအဲဒီလောက် လုပ်တတ်ပါလားလို့ တွေးမိ သေးတယ်။ နောက်ပြီး ခုနစ်တန်း၊ ရှစ်တန်းတုန်းက သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ ပုံတွေ ကလည်း အမှတ်တရပါပဲ။ ငယ်ငယ်တုန်းက အပူအပင် ကင်းတဲ့ စိတ်မျိုးကိုတော့ အခုတကယ်ကို ပြန်ရချင်ပါတယ်။ တကယ်လည်း ပျော်ရွှင်ခဲ့ရတယ်။
ဒါပေမဲ့ ပြန်လည်း မငယ်ချင်တော့ဘူး။ အရွယ်က ဒီအရွယ်ပဲ။ စိတ်ကတော့ အဲဒီတုန်းကစိတ်ကို လိုချင်တယ်။ မိသားစုနဲ့ ခရီးထွက်တာမျိုးတွေလည်း ရှိတယ်။ တစ်ခါတလေ ကျရင် မိသားစုနဲ့ ကျောင်းပိတ်ရက်တွေမှာ ခရီးထွက်ရင်လည်း ဓာတ်ပုံရိုက်ဖြစ်ပါတယ်။
ကမ်းခြေ သွားတာကတော့ များတယ်။ အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့ အခါ ဓာတ်ပုံတွေကနေ တစ်ဆင့် ကိုယ့်ဘဝကိုလည်း ပရိသတ်က ပိုသိမယ်လို့ ထင်မိပါတယ်။ အဲဒီအတွက်လည်း တကယ် ပျော်ရွှင်မိပါတယ်လို့ ပြောချင် ပါတယ်။
www.yoyarlay.com






Kuala Lumpur Time

0 comments:
Post a Comment