http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

ချောင်း ဆုံ ရဲ ၏ ရိုက်နှက် စစ်ေ ဆး မှုကြောင့် လူ ငယ် တစ် ဦး ဆေး ရုံရောက်

လက်သံပြောင်သော ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက်
မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်းရိုက်ကြရာမှ တစ်ဦးသေဆုံးသွားမှု၌
တရားခံဟုစွပ်စွဲခံရသူ ကိုသက်ပိုင်စိုး (၂၄ နှစ်)အား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ရဲ၏ ရိုက်နှက်မေးမြန်းမှုကြောင့်
မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသ နေရဆဲဖြစ်သည်။

၎င်းသည် မော်လမြိုင် ဆေးရုံသို့မေ ၁၉ ရက်နေ့တွင် စတင် ရောက်ရှိခဲ့ပြီး ဆရာဝန်က ဦးနှောက် ထိမိကာ
လက်နှစ်ဖက်အလုပ်မလုပ်တော့ကြောင်း၊ မိမွေးသည့်အတိုင်း ပြန်ဖြစ်လာမှာမဟုတ်တော့ကြောင်း ၎င်း၏မိခင်က ပြောသည်ဟု
ချောင်းဆုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

““ကျွန်တော် သက်ပိုင်စိုးကို မေးကြည့်တော့ ည ၁၀ နာရီလောက် မှာ မျက်နှာဖုံးစွပ်ပြီးဆိုင်ကယ်နောက် ကတင်ပြီး
၃-၄ ပတ်ပတ်မောင်းတယ်။ ပြီးတော့ ည ၁၁ နာရီ လောက်မှာ နောက်ပြန်ကြိုးတုပ်ပြီး ကြိုးကိုခဲနဲ့ဆွဲထားတယ်။
ချိုင်းနှစ်ဖက်နဲ့ပုခုံးကိုနိုင်လွန်ကြိုးသိုင်းပြီး ပြန်ဆွဲတင်ထားတယ်။ ခြေထောက် နဲ့ကြမ်းပြင်က မထိတထိပေါ့။ ပြီး တော့ တုတ်နဲ့ရိုက်တယ်။
မနက် ၆ နာရီလောက်မှာကြိုးပြတ်လို့ ခေါင်းနဲ့ကြမ်းပြင်စောင့်ပြီး နောက်စေ့ ထိသွားတယ်””ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ချောင်းဆုံရဲစခန်းမှူး ရဲအုပ် သိန်းလွင်က ယင်းသို့ ရိုက်နှက်မေးမြန်းခဲ့သူ ဒုရဲအုပ်ကျော်စွာခိုင်အား ခရိုင်ရုံးသို့ပို့ထားပြီး အထက်
လူကြီးများက မည်သို့အရေးယူမည်ကို မသိရှိသေးဟု ၎င်းက ဆက်လက် ပြောသည်။ 
www.thithtoolwin.com/2012/05/blog-post_8357.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif