
ဆောင်းဦးလှိုင် ကလည်း ဂီတသမား ဘဝ ဖြတ်သန်းခဲ့မှုတွေ၊ နောက်၁၉၈၈ ကနေစပြီး ဆေးကျောင်းသား ဘဝဖြတ်သန်းမှုတွေ၊ ဘဝအတွက် ရုန်းကန် လှုပ်ရှားခဲ့ရမှုတွေ၊ ၁၉၈၈ကနေ ၂ဝ၁၂အထိ မြန်မာ့နိုင်ငံ ရေး၊လူမှုရေး၊စီးပွားရေးပြောင်းလဲ မှုအခြေအနေတွေကို သီချင်းတွေလည်းဆို ရင်း စကားတွေလည်းပြောရင်း တင်ဆက် သွား မှာဖြစ်ကြောင်း သိရပါတယ်။ ဖျော်ဖြေ ပွဲနဲ့ပတ်သက်ပြီး ဆောင်းဦးလှိုင်က..
”ကျွန်တော်ကတော့ ဟော်လိုဂစ်တာ တစ်လုံးနဲ့ပေါ့။ နောက်ကို ဥက္ကာဦးသာကို လိုက်ခဲ့ဖို့ အကူအညီ တောင်းထားတယ်။ သူ့ရဲ့ ကီးဘုတ်နဲ့ ကျွန်တော်ရဲ့ဟော်လို ဂစ်တာနဲ့ ပေါင်းပြီး ဖျော်ဖြေမယ်။ သီချင်း၁၂ပုဒ် လောက်ဆိုမယ်။ သီချင်းတစ်ပုဒ်ပြီးတိုင်း စကားပြောမယ်။ သီချင်းတွေကလည်း ကျွန်တော့် ဖြတ်သန်းမှုနဲ့ ပတ်သက်တဲ့ သီချင်းမျိုး တွေပဲ ဆိုဖြစ်ဖို့များတယ်။ အချစ်သီချင်း လည်း ပါမယ်။ ရတဲ့ရန်ပုံငွေတွေကို နာရေး ကူညီမှုအသင်းနဲ့ တခြားလူမှုရေး ကိစ္စတွေ အတွက် အသုံးပြုသွားမယ်။ လူမှုရေးစိတ်ဓာတ် ဆိုတာကိုအားလုံးရဲ့ ရင်ဘတ်ထဲကို ရောက်အောင်ကျွန်တော်တို့က နှိုးဆော်နေရ မှာပါ။ နောက်ဗြဟ္မစိုရ် တရားတွေ၊ကိုယ်ကျင့် တရားဆိုင်ရာတွေကိုလည်း ထည့်ပေးဖို့ လို တယ်”လို့ပြောပြပါတယ်။ ချင်းမိုင်ကလည်း စင်ကာပူ လိုပွဲမျိုးပြုလုပ်ဖို့ ကမ်းလှမ်းမှုရှိထား ပေမယ့် ပွဲကို ခဏခဏလုပ်ရင် ရိုးသွားမှာစိုး တဲ့အတွက် သွားဖို့၊ မသွားဖို့ စဉ်းစားနေတုန်းပဲ လို့ ဆောင်းဦးလှိုင်က ပြောပါတယ်။
www.yoyarlay.com/index.php/entertainment/entertainment/art/26521-2012-05-28-07-26-35
0 comments:
Post a Comment