
လူပင်လယ်နေ့ဟု ညွှန်းဆိုပြုလောက်သည့် မေလ၂၅ရက်နေ့၊ ညနေ ၅နာရီက ကျောက်တံတားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ် တင်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပန်းဆိုးတန်းလမ်းမကြီးမှ ဆူးလေ ဘုရားလမ်း တစ်ဆုံး ၃၅လမ်းတစ်ဝိုက်မှာ ဒေသခံပြည်သူလူထုများနှင့် အနုပညာရှင်များ တက်ရောက် အားပေးကြပုံများသည် ကြက်ပျံမကျ စည်ကား လှသော မြင်ကွင်းပုံရိပ်များကို အထင်းသားမြင်တွေ့ခဲ့ရသည်။ အနုပညာရပ်ဝန်းဇုန် ဗဟိုပြုသည့် နေရာဒေ သဖြစ်ခြင်းကြောင့် ဝိသေသထူးခြားသော မြို့တစ်မြို့လည်း ဖြစ်နေပေသည်။
စိတ်ကြည်နူးတက်ကြွဖွယ်နှင့် ရဲရင့်စိတ်နိုးကြားစေသည့်မြင်ကွင်း ပုံရိပ်များကား ဒါရိုက်တာကြည်ဖြူသျှင် တစ်ယောက် ပန်းစည်းတစ်ပွေ့တစ်ပိုက် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြိုထောက်နေပုံ ၊ ဒါရိုက်တာ ဦးမောင်မောင်မြင့် တစ်ယောက် လူအုပ်ကြားထဲ တိုးဝင်လှုပ်ရှား ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးနေပုံ ၊ ဗီဒီယိုသရုပ်ဆောင် အောင်ကြီးတို့မိသားတစ်စု တက်တက်ကြွကြွ အလံဝှေ့ရမ်းကြိုဆို အားပေးနေကြပုံ၊ အနုပညာရှင်ကိုသားထွေးနှင့် ကိုရဲလွင်တို့က ပြည်သူလူထု၏ စိတ်နှလုံးသားကို မြူးကြွသည့် ဂီတသံစဉ်များဖြင့် လှုပ်ကိုင်ဖမ်းစားပုံ၊ ဟစ်ဟော့ အဆိုတော၊် လွှတ်တော်ကိုယ်စားလှယ် ဖြိုးဇေယျာသော်က ပြည်သူလူထုထံ မိန့်ခွန်းခြွေစကားသံများ တသောသောညံလျက် လက်ခုပ်သံများ ပဲ့တင်မြည်ဟီးနေပုံများ ပင်ဖြစ်သည်။
ထိုကဲ့သို့သော လူပင်လယ်နေ့ရက် ဟု တင်စားခေါ်လောက်သည့် ကျောက် တံတားမြို့နယ်၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းဆိုင်းဘုတ်တင်ပွဲနှင့်ဖွင့်ပွဲ အပေါ်ကိုယ် တိုင်မြင်တွေ့ခံစားစိတ်ကြည်နူး ခဲ့ရပုံများကိုဒေသခံပြည်သူတစ်ဦးလည်း ဖြစ်၊အနုပညာရှင်တစ်ဦးလည်းဖြစ်သူ ဒါရိုက်တာ ကြည်ဖြူသျှင်က … ”ကျောက်တံတားမှာ အမေစုလာတယ်ဆိုတော့ အစ်မတို့ တအားလည်း ဝမ်းသာတယ်။ အိပ်မက်တစ်ခုလိုပဲ။ အစ်မတို့တအားမျှော်လင့်ခဲ့တဲ့ အချိန်လည်း ဖြစ်တာပေါ့။ ပြီးတော့ကိုယ့်ရဲ့ ကျောက်တံတား မြို့နယ်ဖွင့်ပွဲကိုအမေစုကိုယ်တိုင် လာဖွင့်ပေးတဲ့အတွက် ကျောက်တံတားမှာနေတဲ့သူ တစ်ယောက်အနေနဲ့ ဝမ်းသာ တယ်။ဂုဏ်ယူ တယ်။ အနုပညာရှင်တစ်ယောက် ဆိုတာထက် ပြည်သူတစ်ယောက် အနေနဲ့ခံစားမိတယ်။
ဘာကြောင့်လဲဆိုတော့ အနုပညာရှင်ကလည်း ပြည်သူပဲလေ။ အမေစုလာတော့ အစ်မတို့လည်း ပန်းစည်းသွားပေးတယ်။ ကျောက်တံတားမှာနေတဲ့ ပြည်သူတစ်ယောက်အနေနဲ့ပါ။ ပြီးတော့ ကျောက်တံတားရဲ့ ဖွင့်ပွဲမှာ ပြည်သူတွေ လမ်းတစ်လျှောက် လုံးမှာပြည့်ကျပ်နေတဲ့ မြင်ကွင်းကိုကြည့်ပြီး ဝမ်းသာကြည်နူးမိတယ်။ဘယ်သူကမှ မလာမနေရဆိုပြီး လာခိုင်းတာမဟုတ်ဘဲ လာကြတာ။
လူပင်လယ်ကြီးကျနေတာပဲ။ ဒီပွဲလေးမှာ အမေစုမိန့်ခွန်းကို နားထောင်ရတာလည်း တအားပီတိဖြစ်တယ်။ ပြီးတော့ဇေယျာသော် ပြောတဲ့အခါမှာလည်း တအားဂုဏ်ယူတယ်။ သူကကျောက်တံတား မှာနေတဲ့ ရပ်ကွက်သားတစ်ယောက်အနေနဲ့ ဒီပွဲကို တက်ခဲ့တဲ့အတွက်လည်း အစ်မတအား ဂုဏ်ယူတယ်”ဟု ဝမ်းသာပီတိအပြည့်ဖြင့် ဂုဏ်ယူစွာပြောကြားခဲ့သည်။
www.yoyarlay.com/index.php
0 comments:
Post a Comment