http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 May 2012

လက်ထပ် ခဲ့ ဖူးသော ညီ အစ် ကိုနှ စ် ဦး မျိုး ဗီ ဇ ဆိုင် ရာ ရောဂါ တစ် မျိုးကြောင့် ကလေး ပြန်ဖြစ် သွား



လက်ထပ်ခဲ့ဖူးသော သက်လတ်ပိုင်းအရွယ် ညီအစ်ကိုနှစ်ဦး    ကလေးပြန်ဖြစ်သွားကာ မိဘများနှင့် ပြန်လည်နေထိုင်ရ   Benjamin Buttons ရုပ်ရှင် ကား ထဲတွင် ကဲ့သို့ အရွယ် နောက်ပြန် သွားကာ ကလေး ပြန်ဖြစ် သွားသော ဖြစ်ရပ်တစ်ခု အမှန်တကယ် ဖြစ်ပွားခဲ့သည်။ မက်သရူး ကလပ်သည် တခစ်ခစ်ရယ်ကာ သူ၏ညီ ဖြစ်သူ မိုက်ကယ်ကလပ်ကို လျှာထုတ် ပြောင်ပြနေသည်။ ညီဖြစ်သူက အရုပ်ကို ဧည့်ခန်းကန့်လန်ကာနောက်၌ ဝှက်ထား သည်။
ကလေးငယ်နှစ်ဦး ဆော့ကစား နေကြပုံမြင်ကွင်းဖြစ်သည်။ သို့သော် မက် သရူးသည် အသက် ၄၂ နှစ်ရှိပြီး မိုက် ကယ်သည် အသက် ၃၉ နှစ်ရှိပြီဖြစ် သည်။သူတို့ ညီအစ်ကိုနှစ်ဦးသည် အိမ် ထောင်သည်များဖြစ်ခဲ့ကြဖူးပြီး ယခုအခါ ကလေးပြန်ဖြစ်သွားသောကြောင့် မိဘ များနှင့် ပြန်လည်နေထိုင်နေရသည်။ Leukodystrophy ဟု ခေါ်သော ရှားရှားပါးပါး မျိုးဗီဇဆိုင်ရာရောဂါတစ် မျိုးကြောင့် သူတို့၏ ဦးနှောက်ဖွံ့ဖြိုးမှု သည် ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ် ၍သွားနေသည်။
သူတို့၏ အဖြစ်သည် ဘရက်ပစ် ပါဝင်သရုပ်ဆောင်သော The Curious Case of Benjamin Button ရုပ်ရှင်ကားထဲမှ အဖြစ်နှင့် ဆင်တူသည်။ သူတို့နှစ်ဦးစလုံးသည် လက်ထပ်ခဲ့ဖူးသူ များဖြစ်ပြီး မိုက်ကယ်သည် ဗြိတိန်တော် ဝင်လေတပ်၌ အမှုထမ်းဖူးကာ မက်သရူး သည် ကလေးအဖေဖြစ်သည်။ သူတို့သည် မိဘများဖြစ်သော အန်ထော်နီ (၆၃ နှစ်) နှင့် ခရစ္စတင်း (၆၁ နှစ်) တို့နှင့် ပြန်လည် နေထိုင်နေရကြောင်း သိရသည်။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif