http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 May 2012

သင် ဇာ ဝင့်ကျော် ပုံ ရိုက်နှိပ် ထား သည့် ဆင် ဆာ မဲ့ သ င်္ကြန်ခွေ များအား စ တင် ဖမ်း ဆီး ပြီ

သင်ဇာဝင့်ကျော်ပုံ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့  သင်္ကြန်ခွေ များအား စတင် ဖမ်းဆီးပြီရန်ကုန်မြို့ လူစည်ကားရာနေရာ များတွင် ရောင်းချနေ သည့် သင်ဇာဝင့်ကျော်၏ သင်္ကြန်တွင်းပုံများ ရိုက်နှိပ်ထားသည့် ဆင်ဆာမဲ့ သင်္ကြန်ခွေများအား စတင် ဖမ်းဆီးနေ ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၉-၅-၂ဝ၁၂ ရက်တွင် ပြောကြားသည်။
“ဒီခွေတွေကို ဖမ်းဆီးဖို့အတွက် သက်ဆိုင်ရာ ရဲတွေကို မေတ္တာရပ်ခံ ထားပြီးလို့ ဖမ်းဆီးနေ ပါပြီ။ ဒီခွေက သင်္ကြန်ခွေလို့ ပြောပေမယ့် အထဲမှာ ညစ်ညမ်းတာတွေပါ ထည့်ထားတယ်။ တော်တော်ကို ဆိုးရွားပါတယ်။ ဒီခွေတွေ ဖမ်းဆီးပြီးသွားရင် ဗီဒီယို အက်ဥပဒေနဲ့ရော ပုံနှိပ်ဥပဒေနဲ့ပါ ထိထိရောက်ရောက် အရေးယူသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။
ထိုသင်္ကြန်ခွေဟု ရောင်းချနေသော အခွေများမှာ လူစည်ကားရာ နေရာများဖြစ်သည့် ရန်ကုန်မြို့ ပန်းဆိုးတန်း၊ လှည်းတန်း၊ မြေနီကုန်း၊ မြို့တော်ခန်းမဘေး မှတ်တိုင် များနှင့် ဦးဝိစာရလမ်း မီးပွိုင့်၊ ရွှေဂုံတိုင် မီးပွိုင့်အစရှိသည့် မီးပွိုင့် လမ်းလေးခွဆုံများတွင်လည်း ပေါ်ပေါ်ထင်ထင် ရောင်းချလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအဖွဲ့ ထိုသင်္ကြန်ခွေများအပြင် ခိုးကူးခွေများကို ဧပြီလကုန်ပိုင်းမှစတင်၍ ဆက်တိုက် လိုက်လံဖမ်းဆီး လျက်ရှိကြောင်း သိရသည်။
ထိုသင်္ကြန်ခွေများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ခေတ်လူငယ် မိန်းကလေးတစ်ဦးက “သင်္ကြန်မှာ သင်ဇာဝင့်ကျော်က အရမ်း hot သွားတော့ စီးပွားရေးသမားတွေက လုပ်စားကြတဲ့သဘောလို့ ထင်တယ်။ကာဗာမှာ သင်ဇာဝင့်ကျော်ပုံ တင်ထားပြီး အထဲမှာ ညစ်ညမ်းတွေပါတော့ မသိတဲ့သူကတော့ ဝယ်သွားမယ်။ ပြီးရင် ထပ်ဝယ်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ သင်ဇာဝင့်ကျော် ဆိုတော့ စိတ်ဝင်စားကြပြီး တစ်ယောက်တစ်ခွေနှုန်းနဲ့ ဝယ်ကြတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေးသမားတွေကတော့ အဆင်ပြေသွားတာပေါ့” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif