http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 May 2012

အ တွင်း ခံ ဘောင်းဘီ တွင် ဗုံး ထည့် လာ သည့် အယ်လ်ကေဒါ ဖောက် ခွဲရေး သ မား

အတွင်းခံ ဘောင်းဘီတွင် ဗုံးထည့်လာသည့် အယ်လ်ကေဒါ ဖောက်ခွဲရေး သမားယီမင် အခြေစိုက် အယ်လ် ကေဒါ အကြမ်းဖက် အဖွဲ့ဝင် တစ်ဦးအား အတွင်း ခံ ဘောင်းဘီအောက် တွင် လျှို့ဝှက် သယ်ဆောင်လာခဲ့သော ဗုံးနှင့် အတူ ဖမ်းဆီးရရှိ ခဲ့သူ မှာ အရှေ့အလယ်ပိုင်း ဒေသ အတွင်း အခြေချ နေထိုင်သည့် ဗြိတိသျှလူမျိုး တစ်ဦးဖြစ်ကြောင်း အမေရိကန် မီဒီယာများက ရေးသားဖော်ပြခဲ့ ကြသည်။
ဗြိတိသျှ အစိုးရ အရာရှိများကမူ ၄င်းသတင်းအပေါ်တွင် မှတ်ချက်ပေးရန် ငြင်းဆန်နေခဲ့ကြသည်။ အမေရိကန် သတင်းများ၏ ဖော်ပြ ချက်မှာ ပြည်ပထောက်လှမ်းရေး များသည် ၄င်းတို့၏ လှုပ်ရှားမှုနှင့် ပတ်သက်နေသည်ဟု ဖော်ပြခဲ့ကြသည်။ အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့ဝင် တစ်ဦးအား အမေရိကန်နှင့် ပတ်သက်နေ သည့် လေယာဉ် တစ်စင်း ကို တိုက်ခိုက်ရန် စေလွှတ်ခံ ရပြီး ထိုသူမှာ ယီမင်နိုင်ငံက ထွက်ခွာ လာခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့အား သတင်းပေးခဲ့ သည်။
ထိုသူသည် အနောက်နိုင်ငံသား နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားပြီး အဓိကကျသော နေရာကို တိုက်ခိုက်ရန် ရှာဖွေနေခြင်းကြောင့် အချိန်များ ကြန့် ကြာ နေခဲ့သည်ဟု ယူဆရသည်။ ယခုကဲ့သို့ အမေရိကန်သတင်း ဌာနများ၏ ဖွင့်ဟ ထုတ်ဖော်ချက် များသာ မှန်ကန်ခဲ့ပါလျှင် ယူကေ ထောက်လှမ်းရေး အဖွဲ့အတွက် စိတ်အနှောင့် အယှက် ဖြစ်ရလိမ့်မည် ဟု ဖော်ပြထားသည်။ အမေရိကန် ထောက်လှမ်းရေး အဖွဲ့က ယီမင်တွင် အခြေစိုက်သော အယ်လ်ကေဒါ (al-Queda in the Arabian Penisula) အဖွဲ့ရောက်ရှိနေကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၉ ခုနှစ် တွင်လည်း အဖွဲ့တစ်ဖွဲ့၏ စေခိုင်းမှု ဖြင့် အမေရိကန်နိုင်ငံသို့ ပျံသန်းသွား မည့် လေယာဉ်ပေါ် တွင် ဗုံးဖောက်ခွဲ ရန် ကြံစည်သူ၏ အတွင်းခံဘောင်း ဘီအတွင်းမှ ဖောက်ခွဲရေး ပစ္စည်းကို လည်းဖမ်းဆီး ရခဲ့ပြီးဖြစ်သည်။ အစိုးရအရာရှိများ၏ ပြောပြ ချက်အရ ဗုံးမှာ သတ္တုစများ လုံးဝ မပါဝင်ဘဲ ပေါက်ကွဲစေနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကြောင့် လေဆိပ် လုံခြုံရေး စစ်ဆေး သူများကို ကောင်းစွာဖြတ်ကျော် နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ၄င်းဗုံး ကို CIA ကျွမ်းကျင်သူများက စစ်ဆေးနေ ကြပြီး ၂ဝဝ၉ နှင့် ၂ဝ၁၂ တို့တွင် တွေ့ရှိခဲ့ရသော ဗုံးများ၏ အသွင်အပြင်အရ ဖောက်ခွဲရေး ပစ္စည်း ပြုလုပ်ရာတွင် ဆရာတစ်ဆူ ဖြစ်သည့် Ibrahim Hassan Tali al-Asiri နှင့် ဆက်နွှယ် ပတ်သက် နေသည်ဟု သုံးသပ်ကြသည်။ ယခုကဲ့သို့ ဖောက်ခွဲမှု ပြုလုပ်ရန် ကြံစည်ခြင်းမှာ အမေရိကန် စီအိုင်အေ၏ မောင်းသူမဲ့လေယာဉ်များ လက်ချက်ဖြင့် ယီမင်တွင် သေဆုံးခဲ့ရသော AQAP အဖွဲ့ခေါင်းဆောင် Fahd al-Quso အတွက် လက်တုံ့ ပြန်ခြင်းဖြစ်မည် ဟုဖော်ပြထားသည်။ KLMA Ref:Reuter 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif