http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
18 May 2012
ဦး သိန်း စိန် ကျန်း မာရေး အခြေ အနေ | ဦး တင်အောင်မြင့် ဦး ရဲ့  နှုတ် ထွက် စာ
Myanmar Presidents Health.JPEG-072bfမြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ဟာ မနေ့  က နေ့ လည်ပိုင်း က ရန်ကုန် နေအိမ်မှာ မူးလဲတာ
ကြောင့် ဒီနေ့  အနားယူနေကြောင်း ရန်ကုန် က လာတဲ့ AP သတင်း တစ်ရပ် မှာ ဖော် ပြထား ပါ
တယ်။
နှလုံးခုန်စက် (Pacemaker) တပ်ဆင်ထား ရသူ တစ်ယောက် လည်း ဖြစ်ပြီး ၊ နှလုံး ရောသွေး
ကျောကျဉ်း နဲ့  ဆီးချိုရောဂါ တွေ လဲ ရှိသူ ဖြစ်ပါတယ်။ ဦးသိန်းစိန် ကျန်းမာရေး မကောင်း တဲ့
သတင်း ဟာ အပြောင်းအလဲ ကို လိုလားတဲ့ မြန်မာ တွေ အတွက် သတင်း ဆိုး တစ်ခု ဖြစ် ပြီး
တကယ်လို့  သူ က ဆက် ပြီး တာဝန်မထမ်းဆောင် နိုင်တော့ ရင် သူ နေရာ ကို ဘယ်သူ ဆက်
ပြည်တော် မြို့  က ဟိုတယ် တစ်ခု မှာ တာဝန်ထမ်းဆောင် ထမ်းနေတဲ့ ကို မင်းဇော် က FNG
ကို ပြောပါတယ်။
အတည်မပြု ရသေးတဲ့ သတင်း တွေ အရ တော့ သမ္မတ ဦးသိန်းစိန် ဟာ လို အပ် ရင် စင်္ကာပူမှာ
သွား ရောက် ဆေးဝါး ကုသခံ ယူရမယ် လို့  လဲ ဆိုကြပါတယ်။
မေလ ၃ ရက်နေ့  က ရာထူး က နှုတ် ထွက် စာ တင် ထားတယ် ဆို တဲ့ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး
ရဲ့  သတင်း ကို အတိအကျ ထုတ် ပြန်ပေး ဖို့  လွှတ်တော် အမတ် တစ်ချို့  က တောင်း ဆို နေပေမယ့်
မြန်မာ အစိုးရ က တရား ၀င် သတင်း ထုတ် ပြန်ခြင်း မရှိ ဘဲ နှုတ်ထွက် စာ တင်တယ် ဆို တဲ့ သတင်း
ပဲ ထုတ် ပြန်ပါတယ်။
သမ္မတ ဦးသိန်းစိန် ရဲ့  ပြန်ကြား ရေး ဆိုင်ရာ ရုံး အဖွဲ့  မှုး ဖြစ်သူ ဗိုလ်မှုး ဇော်ဌေး ရဲ့  FB မှာ တော့
သမ္မတ ရဲ့  ၀ဘ်စာမျက် နှာ က ဒီနေ့  တင်ထား တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၁၁/၂၀၁၂)  ကို ကိုးကား ပြီး  ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး ဗဟို ကော်မတီ တွင် ဖွဲ့ စည်း ခြင်း တွင် ဦးသိန်းစိန် က ဥက္ကဌ ၊ ဦးတင်အောင်မြင့်ဦး
က အဖွဲ့  ၀င် အဖြစ်တာဝန်ယူထား တယ် လို့  ဖော်ပြ ထား ပါတယ်။
ဒါပေမယ့် အဲဒီ ကြေငြာ ချက် ဟာ ဦး တင်အောင်မြင့်ဦး နှုတ်ထွက် စာ တင်တဲ့ နေ့  ရဲ့   ရက်စွဲ ဖြစ်ပါ
တယ်။
ပွင့် လင်း မြင်သာ မှု တွေ လုပ်မယ် လို့  ကြေငြာ ထား တဲ့ မြန်မာ အစိုးရ ဟာ ဦးတင်အောင်မြင့်ဦး
ရဲ့  သတင်း ကို တရား ၀င် ထုတ် ပြန် ဖို့  အရေး မှာ အကြောင်း မဲ့ တွန့် ဆုတ်နေတာ ကတော့ ရှက်
စရာ လို ပဲ ကျွန်တော် ယူဆ တယ် လို့  ရန်ကုန် တက္ကသိုလ် သမိုင်းဌာန က ဆရာ တစ်ဦး က FNG
ကို ပြောပါတယ်။
ဦးသိန်းစိန် ဟာရန်ကုန် နေအိမ်မှာ မူးလဲတာ ဟာ ဦးတင်အောင်မြင့်ဦး ရဲ့  ကိစ္စ မျိုး တွေ စတဲ့ စိတ်
မသက်သာ စရာ အကြောင်း တွေ ပါသလား ၊ ဒုသမ္မတ နဲ့  အား ပြိုင်စရာ ကိစ္စ တွေ များ ဖြစ်နေသလား
ဆိုတာ လို မျိုး ထက် ၊ အချို့  ကလည်း ကျန်းမာရေး အကြောင်း ပြ ပြီး  ဒု သမ္မတ လို မျိုး ၊ သမ္မတ ပါ
နှုတ်ထွက် မလား ဆိုတာ စဉ်းစား စရာ ဖြစ်နေတယ် လို့  ဆိုပါတယ်။ 
freedomnewsgroup.com
0 comments:
Post a Comment
http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif