http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2012

မော် ကင်း ဥ ဒါန်း က ကျွန်ေ တာ့် အ တွက် ကျောက်ခဲေ ရေ ပၚ တဲ့ ကားေ လး ပါ သူ ထူး စံ

မော်ကင်းဥဒါန်းက ကျွန်တော့်အတွက် ကျောက်ခဲရေပေါ်တဲ့ ကားလေးပါ သူထူးစံအနုပညာ လောကမှာ (၈) နှစ်တာ အပိတ် ခံထားရတဲ့ “မော်ကင်း ဥဒါန်း” ရုပ်ရှင် ဇာတ်ကားကြီး ပြသ ခွင့် ရတော့မှာ ဖြစ်လို့ အထူးပွဲ ပြသခဲ့ပါ တယ်။ အထူးပြသပွဲ ပြသ ခဲ့ပါတယ်။ အထူးပြသပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင် သူထူးစံနဲ့ မေးဖြစ်ခဲ့သမျှ...
အခုလို (၈)နှစ်တာ အပိတ်ခံထား ရတဲ့ ရုပ်ရှင်ကားကြီး ပြသခွင့် ရတော့ မယ် ဆိုတော့။
အနုပညာ သမားတွေ အတွက်ရော အနုပညာအတွက် ပရိ သတ်အတွက်ရော ပရိုဂျူဆာ အတွက် ပါ ဝမ်းသာစရာပါ။ ကျွန်တော့် အနေ နဲ့ကတော့ ကျောက်ခဲ ရေပေါ်တဲ့ ကား လေးပေါ့။ ကိုယ်ကြိုးစားထားတာကို ပြန်မြင်ရတဲ့ အတွက် ဝမ်းသာတယ်။
ဒီဇာတ်ကား လေးကို ကြည့်ပြီး အမှတ်တရ ဘာတွေရှိခဲ့လဲ။
တချို့ဆိုရင် ဒီလောကမှာ မရှိတော့ဘူး။ တချို့ဆိုရင် ဘဝပြောင်း သွားပြီ။ လူဘဝကနေပြီး ရဟန်းဘဝ ပြောင်းသွားသူတွေရောပေါ့။ ကျွန်တော်တို့ကို လူမင်းတို့ပဲ ကျန်တော့တာ။ ပြန် ကြည့်လိုက်တော့ အနုပညာအပေါ်မှာ တကယ်ရူးသွပ်တဲ့ လူကြီးတွေ ရှိခဲ့တာ ပေါ့။ နောက်ကျန်ခဲ့တဲ့ ကျွန်တော်တို့မျိုး ဆက်ကို အနုပညာပေါ်မှာ ရူးရူးသွပ်သွပ် နဲ့ အားကြိုး မာန်တက် လုပ်စေ ချင်ပါတယ်။
ဇာတ်ကားထဲမှာ နီးနီးလေးနဲ့ ဟိုဘက် မှာ သေနတ်နဲ့ ပစ်နေတယ်၊ ဒီဘက်က မကြားရဘူး ဆိုတာ လိုအပ်ချက်တွေ လို့ မပီပြင်ဘူးလို့ ကြည့်တဲ့သူတွေက ပြောကြတယ်။
အဲဒါက နိုင်ငံတော်က စီ စဉ်တာဗျ။အဲဒါကဒါရိုက်တာပိုင်း Edit ပိုင်းနဲ့ဆိုင်တယ်။ ဒီကားက မပြရဘူး ဆိုတော့ ကျွန်တော်တို့လည်း စိတ် မကောင်းဘူး။ ပရိုဂျူဆာ ဘက်ကလည်း စိတ်မကောင်းဘူး။ အဲဒီအတိုင်းကို ပြန် ပြတယ်ထင်ပါတယ်။
ဒီကားထဲက တချို့အခန်းတွေမှာ အစ် ကို့ရဲ့ သရုပ်ဆောင်မှုနဲ့ စကားလုံးတွေ က ဟာသတွေဖြစ်နေတယ်နော်။
ကျွန်တော်က ဆလုံကလူ မိုက်။ ကိုလူမင်းကျတော့ နည်းနည်း ကောင်းတာ၊ မကောင်းတာကို ဆင်ခြင် တယ်။ ကျွန်တော့်မှာ အဲဒီအသိမရှိဘူး။ ကျွန်တော်လုပ်ချင်တာ ကျွန်တော်လုပ် ပြီး တစ်ခါတစ်လေကျတော့ ဟာသ ပုံစံဖြစ်ဖြစ်သွားတာပေါ့။ ဒါကလည်း ရသတစ်မျိုးလေးပေးနိုင်လို့ ကျွန်တော် ကတော့ ကျေနပ်ပါတယ်။
ပရိသတ်အတွက် ဘယ်လိုကားမျိုးတွေ ရိုက်ပြချင်လဲ။
ကျွန်တော်ကတော့ ဟာသ ကားတွေမရိုက်ချင်တော့ဘူး။ ဒီလိုဟာ မျိုးတွေ၊ ဟဲဗီးဒရာမာမျိုးတွေပဲ ရိုက်ချင် ပါတယ်။
၂၀၁၂ မှာ အနုပညာ ဘာတွေပြောင်း လဲလာမလဲ၊ ဘာတွေရိုက်ပြချင်လဲ။
ဒီကားကတော့ လွန်ခဲ့တဲ့ (၈)နှစ်လောက်က ပြခဲ့တာ။ အဲဒီတုန်း ကပရစ်ဆော့တို့၊ ကာရစ်ဘီယံတို့မပေါ် သေးဘူး။သူများနိုင်ငံမှာလို အရှိန်အဟုန် နဲ့ လုပ်လို့ရရင် သိပ်ကောင်းမှာပဲလို့။ အဲဒီတုန်းက ဒီကားကို တော်တော်လေး ခက်ခက်ခဲခဲနဲ့ ရိုက်ခဲ့ရတာ။ ခုချိန်မှာ အများကြီးတိုးတက်သင့်ပြီလို့ ထင်တယ် လေ။
အခု ဘယ်သူနဲ့ရိုက်နေလဲ။
အခု ပြင်ဦးလွင်မှာ ရိုက်နေတယ်။ မိုင်တိုင်(၂၆)ဆိုတဲ့ သရဲကား။ သရဲကားတွေ ဆင်ဆာပေးလာတော့ အရင်ကလို သိပ်စဉ်းစားစရာ မလိုတော့ ဘူး။ ကျွန်တော်တို့ Trand ကြီးက ပြောင်းလို့မှ မရတာ။ ဇာတ်သဘော တရားက မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်၊ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ ဒါကြီး ကို ပြောင်းလို့ မရသေးပါဘူး။ ကျွန် တော် သရဲကား အများကြီးမရိုက်ပါ ဘူး။ ဦးမျိုးမင်းနဲ့ မိုင်တိုင် (၂၆) ကား ကတော့ ဒီပြင်ကားတွေနဲ့ တူတော့ မတူပါဘူး။ပိုပြီးကြောက်စရာ ကောင်း ပါတယ်။ တကယ့်အဖြစ်မှန်ကို ရိုက် ထားတာပါ။ တကယ့် အဖြစ်မှန်ကို ရိုက်ထားတော့ နှောင့်ယှက်တာမျိုးကြုံရလား။ အဲလိုတော့ မကြုံခဲ့ရပါ ဘူး။ ညဘက်တွေ ရိုက်ရတော့ အိပ် ရေးေ/တာ့ ပျက်တာပေါ့။ အဲ့လောက် ပါပဲ။  
www.yoyarlay.com/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif