http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 May 2012

မို ဘိုင်း ဖုန်း များ အင် တာ နက် သုံး စွဲ ခွင့် ပေးပြီး တစ်သောင်းဖြင့် လျှောက် ထား ရ မည်

မိုဘိုင်းဖုန်းများ အင်တာနက် သုံးစွဲခွင့် ပေးပြီး တစ်သောင်းဖြင့် လျှောက်ထား ရမည်ပြည် တွင်း တွင် အသုံးပြု နေသော စီဒီ အမ်အေ ၈၀ဝ မဂ္ဂါဟဇ် ဖုန်းများ၊ ဂျီအက်စ်အမ် ဖုန်းများ၊ WCDMA ဖုန်းများကို ယခုလ ၇ ရက်နေ့တွင် အင်တာနက် အသုံး ပြုခွင့် ချထား ပေးမည် ဖြစ်ပြီး ယင်း ဖုန်းများအားလုံး လျှောက်ထား ရာတွင် ကျပ်တစ်သောင်းဖြင့်သာ လျှောက်ထား ရမည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦး သိန်းဝင်းက ပြောသည်။
ယခင်က စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်းများကို အင်တာနက် လျှောက်ထား ရာတွင် ကျပ်သုံးသောင်း ပေးဆောင်ရပြီး ယခုပြန်လည် လျှောက်ထားခွင့် ပေးရာတွင် ကျပ်တစ်သောင်းဖြင့်သာလျှောက် ထားရမည်ဖြစ်သည်။
အင်တာနက် လျှောက်ထား ရာတွင် ကျပ်နှစ်သိန်း တန်၊ နှစ်သိန်းခွဲတန် ဖုန်းများသာ မဟုတ်ဘဲ ယခင်က ချထား ပေးသော မိုဘိုင်းဖုန်း များလည်း လျှောက် ထားနိုင်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြောကြား သည်။
အဆိုပါ ဖုန်းများအတွက် အင်တာနက် သုံးစွဲခွင့်မှာ ဂျီအက်စ် အမ် ဖုန်းများ အတွက် တစ်မိနစ် လျှင် နှစ်ကျပ်၊ WCDMA နှင့် စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်း များအတွက် တစ်မိနစ်လျှင် လေး ကျပ် ကောက်ခံသွားမည်ဖြစ်ပြီး ဖုန်းဘီလ်ထဲမှပင် ကောက်ခံသွား မည်ဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
အင်တာနက်အသုံးပြုခ ကောက်ခံ ရာတွင်ယခင် ဂျီအက်စ်အမ်ဖုန်းများ တွင် တစ်မိနစ်လျှင်လေးကျပ် ပေး ရပြီး လက်ရှိပြန်လည်လျှောက် ထားရာတွင် တစ်မိနစ်နှစ်ကျပ် သာ ပေးဆောင်ရတော့မည် ဖြစ်သည်။ အင်တာနက်လျှောက်ထားရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှောက်ထားနိုင်သည်ဟုသိရသည်။
မိုဘိုင်းဖုန်းများကို အင်တာနက် ပေးရာတွင် ဂျီအက်စ်အမ်မို ဘိုင်းဖုန်းများအတွက် EDGE စနစ် ဖြင့်လည်းကောင်း၊ WCDMA ဖုန်း များကို 3G စနစ်ဖြင့် လည်းကောင်း၊ စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟဇ်ဖုန်းများ ကို EVDO စနစ်ဖြင့်လည်းကောင်းအသုံးပြုခွင့်ပေးမည်ဖြစ်သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦး သိန်းဝင်းက " အင်တာနက်ပေးရင် ကျွန်တော်တို့ တရားဝင်ကြေငြာမှာ ပါ။ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ပေးမှာပါ။ ရန်ကုန်မှာ ဆိုလည်း လိုအပ်ချက် အတိုင်းပေးနိုင်အောင် လုပ်ထားပါတယ်။ နေရာတွေက တော့ ရတနာပုံတို့ Elite တို့မှာ လည်း ဖြစ်နိုင်ပါတယ်။ ပြည်နယ်နဲ့ တိုင်းတွေကတော့ သက်ဆိုင်ရာ မန်နေဂျာရုံးတွေမှာ ဖြစ်မှာပါ။ ဖုန်း တွေကိုလည်း ၁၅ သိန်းဖုန်း၊ ငါး သိန်းဖုန်း ၊ နှစ်သိန်း ဖုန်းဆိုပြီး မခွဲပါဘူး။ အကုန်လုံးကို ပေးသွား မှာပါ" ဟု ပြောသည်။
အင်တာနက် အသုံးပြုလိုသူ တစ်ဦးက" အင်တာနက်ပေးတာ တော့ ကောင်းပါတယ်။ ဒါပေမယ့် အင်တာနက်အမြန်နှုန်းတော့ မြန်ဖို့ လိုပါတယ်။ အင်တာနက် မမြန်ရင် တော့သုံးရတာ အလကားပါပဲ။ ပိုက်ဆံပိုကုန်ပြီး လိုင်းတွေကျပ်နေ တာပဲ ဖြစ်မှာပါ"ဟု ပြောသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif