မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ က NLD ပုဇွန်တောင်မြို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ကိုယ်တိုင်လက်ခံဖို့အတွက် နော်ဝေးနိုင်ငံကို အသွား ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
ILO ညွှန်ကြားရေးမှူးချုပ်က - အခုကျင်းပမယ့် ILO ညီလာခံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပမှာ မိန့်ခွန်းပြောကြားတဲ့နေရာ ဖြစ်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကနေ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
rfa news






Kuala Lumpur Time
0 comments:
Post a Comment