
အမေရိကန် ပြည်ထောင်စု ၊ ၀ါရှင်တန်ဒီစီမှာ မေလ ၁၅ ရက်နေ့က လုပ်တဲ့ သမ္မတဟောင်း ဂျော့ဘွတ်ရှ်ရဲ့ "Freedom Collection" အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က skype ကနေတဆင့် အမေရိကန်မှ ပိတ်ဆို့မှုများကို ခေတ္တရပ်ဆိုင်းဖို့လုပ်မယ်ဆိုရင် ထောက်ခံသော်လည်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဟာ
နောက်ကြောင်း ပြန်မလှည့်ဘူးလို့ တရားသေ သတ်မှတ်လို့ မရတဲ့အတွက် ဒီကိစ္စကို သတိထား လုပ်ကိုင်သွားဖို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်က နံမည်ကြီး လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း မြန်မာအပေါ် အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ထားတာကို၁ နှစ်ရပ်ဆိုင်းထားဖို့မကြာသေးခင်ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ မြန်မာ့အပြောင်းအလဲကို တချို့ကအလွန်ကိုမှ အကောင်းဖက်ကို မြင်နေကြောင်း၊ မြန်မာအစိုးရက ဒီမိုကရေစီလမ်းကြောင်းဆီကို အမှန်တကယ် ပြောင်းနေတယ်ဆိုရင် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ
လုံးဝ မရှိသင့်ကြောင်း ၀ါရှင်တန်ပို့စ် သတင်းထောက်၏ အမေးကို ပြန်လည်ဖြေကြားသွား တာ ဖြစ်ပါတယ်။
www.irrawaddyblog.com/2012/05/sanction.html
16 May 2012
Sanction ကို သ တိ ထား လုပ် ဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော






Kuala Lumpur Time
0 comments:
Post a Comment