http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Jun 2012

နိုင် ငံေ တာ် သမ္မ တကြီး မိန့်ခွန်း မပြောဖြစ် ပါ

နိုင်ငံတော် သမ္မတကြီး မိန့်ခွန်း မပြောဖြစ်ပါ
ရခိုင်ပြည်နယ် အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှု များကို အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းမှ စတင်၍ အခြေအနေ များ မူလ အတိုင်း ပြန်လည် တည်ငြိမ်အေး ချမ်းနေပြီ ဖြစ်ပါသည်။
ယင်းသို့ တည်ငြိမ်အေးချမ်း မှုနှင့် တရားဥပဒေစိုးမိုးမှု အခြေအနေကောင်းများကို ဆက် လက် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အတွက် ပြည်သူများအားလုံးက ပူးပေါင်း ပါဝင်ကြရန် လိုအပ်မည် ဖြစ်ပါသည်။ အလားတူ ဆင်ခြင်တုံတရား လက်ကိုင်ထား၍ မလိုလားအပ်သော လက်စားချေမှုများ၊ အမုန်းတရားနှင့် အာဃာတများကို သတိပြု ရှောင်ကြဉ်ကြရန်လည်း လိုအပ်မည် ဖြစ်ပါသည်။
လက်ရှိအနေအထားတွင် အားလုံးကို စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ပြီ ဖြစ်သဖြင့် လည်းကောင်း၊ တစ်နိုင်လုံးနှင့်သက်ဆိုင်သော အရေးပေါ် အခြေအနေမျိုး ၌သာ ပြည်သူလူထုအား တိုက်ရိုက်ပန်ကြားလေ့ရှိသည့် အတွက်ကြောင့် လည်းကောင်း ယခုအခါ သတင်းများ ပြန့်နှံ့နေသည် ရုပ်မြင်သံကြားမှ တစ်ဆင့် နိုင်ငံတော် သမ္မတ က ပြည်သူများသို့ ပြောကြားမည့် အစီအစဉ် မရှိ ပါကြောင်း အသိပေးအပ်ပါသည်။
( နိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိ တစ်ဦး၏ facebook စာမျက်နှာတွင်ယနေ့ ဖော်ပြထားသည်။) 
www.yoyarlay.com/local-news/local-news/politics/26981-2012-06-09-06-58-45

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif