သက်မွန်မြင့်က ဇာတိမြေဖြစ်တဲ့ ချင်းတောင်မှာ အလှူတွေလုပ်ဖြစ်ခဲ့ပါတယ်။ ချင်းတောင်မှာ သွားရေးလာရေးခက်ခဲတဲ့ ဖလန်း ဘုန်းကြီးကျောင်းအတွက် ကားတစ်စီးနဲ့ ရွာဘက်က အိမ်တွေအတွက် ဆိုလာပြားတွေကို သက်မွန်မြင့်က လှူဒါန်းခဲ့ပါတယ်။ “ချင်းတောင်မှာက သွားရေးလာရေး အတွက် ဆိုင်ကယ်တွေတော့ရှိတယ်။ ဒါပေမဲ့ ဘုန်းကြီးအနေနဲ့ ကျတော့ ဆိုင်ကယ်နဲ့က အဆင်မပြေဘူး။ သက်မွန်တို့ ဖလန်းကဘုန်း ကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးက ပြည်နယ်ဥက္ကဋ္ဌဆိုတော့ မြို့နယ်တွေ သွားနေ ရတယ်။ သာရေး၊ နာရေးသွားနေတော့ လှူဖြစ်တာပါ။ မီးကတော့ ဖလန်းမြို့ နယ်ထဲ က မေမေ့ရဲ့ရွာဘက်ကိုလှူတာ။ သက်မွန်က ကိုယ်တိုင်သွားချင်တာ။ မရောက်တာလည်း ကြာနေပြီလေ။ ဒါပေမဲ့ ဒီမှာက အလုပ်တွေ ရှိတယ်။ ပြင်ဦးလွင်ကို အဲဒီတုန်းက ရောက် နေတာလေ။ ချင်းတောင်သွားရတာက လမ်းပန်း ဆက်သွယ် ရေးခက်ခဲတယ်။ အချိန် နည်းနည်း ပိုပေးရတော့ အဆင်မပြေဘူး။ မရောက်ဖြစ်ဘူး။ ဖေဖေက သွားလှူ ဖြစ်တာ ပါ။ ဒီလိုလုပ်ပေးရတာ တအား ဝမ်းသာတယ်။ ကိုယ့်ရဲ့ ပြည်နယ်လေးအတွက် ဒီ့ထက် ပိုပြီးလုပ်ပေးချင်တယ်။ ကြိုးစားမှာပါ။ သူတို့ကလည်း တအားဝမ်းသာတယ်လို့ ပြော ကြတယ်”လို့ပြောပြပါတယ်။ သက်မွန်မြင့်က ဇာတိမြေချင်းတောင်မှာ ပြန်ပြီးသရုပ်ဆောင် ခဲ့ရပါသေးတယ်။ “ကြယ် စင်မောင်နှမ” ဇာတ်ကား ရိုက်ကူးခဲ့တုန်းက ဖလန်းမြို့က သူတက်ခဲ့တဲ့ကျောင်းမှာပဲ သွား ရောက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ တံတား ဖွင့်ပွဲတစ်ခုအတွက်လည်း ချင်းတောင်မှာ သွားရောက်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ မရောက်ဖြစ်တော့ဘူးလို့ဆိုပါတယ်။ ဖလန်း မြို့မှာ စုပေါင်းပြီး ဘုရားတည် ထားတာရှိတဲ့ အတွက် သွားရောက် ဖူးချင်သေးတယ်လို့ ဆို တဲ့သက်မွန်မြင့်က “နောက်ထပ်ဘုရားတည် ဖို့ပြောထားတာတွေ ရှိတယ်။ အဲဒီအတွက် သွားဖြစ်ဦးမှာပါ။ မရောက်တာလည်းကြာပြီ ဖြစ်တဲ့အတွက် ကိုယ့်အမျိုးတွေ ဆီလည်း သွားချင်သေးတယ်။ ကိုယ့်ဇာတိမြေအတွက် တိုးတက်ရာကို တစ်တပ် တစ်အား ပါဝင်နိုင် အောင် ကြိုးစားသွားမှာပါ။ ပြီးတော့ ဒီအလှူ က ပရိသတ်တွေ အားပေးထားတဲ့ အနုပညာ ငွေကြေးနဲ့ လှူဒါန်းထားတာဖြစ်လို့ သာဓုခေါ် ပေးကြပါ” လို့ပြောပြခဲ့ပါတယ်။b
popularmyanmar.com/mpaper/archives/44713
0 comments:
Post a Comment